အငှားခေါ်ယူပြီး ၁၈ ရက်အကြာမှာပဲ အမ်မရီကန်ကို အပြီးသတ်စာချုပ်ချုပ်လိုက်တဲ့ ဒေါ့မွန်

yyl-030-9.jpg

ဒေါ့မွန်အသင်းဟာ လွန်ခဲ့တဲ့ ၁၈ ရက်မှာ ဂျူဗင်တပ်အသင်းကနေ အငှားခေါ်ယူခဲ့တဲ့ ဂျာမနီကွင်းလယ်လူ အမ်မရီကန်ကို ပေါင် ၂၁ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ အသက် ၂၆ နှစ်ရှိတဲ့ အမ်မရီကန်ဟာ ဒေါ့မွန်နဲ့အတူ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမယ့် ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ လေဗာကူဆင်ကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒေါ့မွန်အတွက် ပထမဆုံး ပါဝင်ကစားခဲ့တဲ့ အမ်မရီကန်ဟာ ကိုက် ၃၀ ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အမ်မရီကန်ဟာ ၂၀၁၈ ခုနှစ်ကမှ လီဗာပူးကနေ ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

ဒါပေမဲ့ ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရမ်ဆေး၊ ရာဘီယော့ စတဲ့ ကွင်းလယ်ကစားသမားတွေကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့လို့ အမ်မရီကန်အတွက် ပွဲကစားခွင့်ရဖို့ ပိုရုန်းကန်ခဲ့ရပါတယ်။ အမ်မရီကန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ အပြောင်းအရွှေ့မှာ မန်ယူ၊ အဲဗာတန်အသင်းတွေနဲ့ ပြောင်းမယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ဒေါ့မွန်ကို အငှားပြောင်းရွှေ့လာခဲ့တာပါ။ အမ်မရီကန်ဟာ ဒေါ့မွန်အတွက် ပထမဆုံး ကစားခဲ့တဲ့ ပွဲစဉ်(၃)ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ဒေါ့မွန်က အပြီးသတ်ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာပါ။ အမ်မရီကန်ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ကြားကာလအတွင်း ဘိုင်ယန်မြူးနစ်မှာ ကစားခဲ့ဖူးပြီး လေဗာကူဆင်မှာ တစ်နှစ်ကြာ ကစားခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top