အိမ်ကွင်းမှာ ကစားရပေမဲ့ အဝေးကွင်းအသင်းအဖြစ် သတ်မှတ်ခံရမယ့် ဘာမင်ဂမ်

yyl-030-6.jpg

ဘာမင်ဂမ်အသင်းဟာ ကိုဗင်ထရီနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ အဝေးကွင်းအသင်းအဖြစ် သတ်မှတ်ခံရမှာပါ။ ကိုဗင်ထရီအသင်းဟာ ဘရစ္စတိုးရိုဗာနဲ့ ကစားခဲ့တဲ့ တတိယအဆင့် ပြန်ကန်ပွဲမှာ (၃)ဂိုးပြတ် အနိုင်ရခဲ့ပြီး စတုတ္ထအဆင့်ကို တက်လှမ်းလာခဲ့တာပါ။ ကိုဗင်ထရီအသင်းဟာ ရက်ဘီကလပ် ဝက်စ်အသင်းရဲ့ ရီကိုကွင်းကို အသုံးပြုဖို့ သဘောတူညီမှု မရခဲ့တဲ့နောက် ဘာမင်ဂမ်အသင်းရဲ့ စိန့်အန်ဒရူးကွင်းကို တစ်နှစ်ကြာ မျှဝေသုံးစွဲဖို့ သဘောတူညီခဲ့ပါတယ်။

အဲဒီအတွက် လိဂ်-၁ ကလပ် ကိုဗင်ထရီအသင်းဟာ ၂၂ မိုင်ကွာဝေးတဲ့ ဘာမင်ဂမ်အသင်း အိမ်ကွင်းကို သူတို့ရဲ့အိမ်ကွင်းအဖြစ် အသုံးပြုနေပါတယ်။ ကိုဗင်ထရီနဲ့ ဘာမင်ဂမ်အသင်း ကစားရမယ့်ပွဲစဉ်မှာ ကိုဗင်ထရီအသင်းက အိမ်ကွင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲဒါကြောင့် ဘာမင်ဂမ်အသင်းဟာ ကိုဗင်ထရီနဲ့ပွဲကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ အဝေးကွင်းအသင်းအဖြစ် သတ်မှတ်ခံရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top