အာဖရိကနိုင်ငံများဖလားပွဲ ကျင်းပမယ့်ကာလ ပြောင်းလဲဖွယ်ရှိလို့ ပရီးမီးယားလိဂ်ကလပ်တွေ အခက်တွေ့နိုင်

yyl-022-8.jpg

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အရင်တုန်းက ကျင်းပနေတဲ့ပုံစံအတိုင်း ဇန်နဝါရီလမှာ ပြန်ကစားဖို့ ဆွေးနွေးနေလို့ ပရီးမီးယားလိဂ်ကလပ်တွေ အခက်အခဲကြုံဖွယ် ရှိနေပါတယ်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အရင်တုန်းက ဇန်နဝါရီလမှာ စတင်ကျင်းပလေ့ရှိပေမဲ့ နွေရာသီကာလတွေမှာ ပြောင်းလဲကျင်းပဖို့ ၂၀၁၇ ခုနှစ် အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအတွက် ၂၀၁၉ ခုနှစ်က အီဂျစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို ဇွန်လကနေ ဇူလိုင်လအတွင်း ကျင်းပခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်ကျရင် ကင်မရွန်းနိုင်ငံမှာ ကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို မူလကျင်းပနေတဲ့ပုံစံအတိုင်း ဇန်နဝါရီ-ဖေဖော်ဝါရီကြားကာလမှာ ပြောင်းလဲကျင်းပဖို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ပါတယ်။ အဲဒီကာလမှာ ကျင်းပရင် ရာသီဥတုနဲ့ အပူချိန်ဒဏ် ပိုသက်သာပြီး ၂၀၂၁ ခုနှစ် ဖီဖာကလပ်ဖလားပြိုင်ပွဲနဲ့ လွတ်ကင်းမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ကလပ်တွေမှာ ကစားနေတဲ့ အာဖရိကထိပ်တန်းကစားသမားတွေအနေနဲ့ ကလပ်အသင်းအတွက် ပွဲစဉ်(၆)ပွဲအထိ လွဲချော်ဖွယ်ရှိပါတယ်။ လီဗာပူးအသင်းမှာ အာဖရိကကစားသမားတွေဖြစ်တဲ့ မာနေး၊ ဆာလာ၊ ကီတာတို့ရှိနေပြီး အာဆင်နယ်အသင်းမှာလည်း အူဘာမီယန်း၊ နီကိုလက်စ်ပေပေ စတဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply