မြန်မာနိုင်ငံကနေ ရရှိတဲ့ ပယင်းကျောက်ထဲကနေ ကမ္ဘာ့အသေးဆုံး ဒိုင်နိုဆောမျိုးစိတ်ကို တွေ့ရှိ

12-3-2020-yyl-012.jpg

မြန်မာနိုင်ငံမြောက်ပိုင်းကနေ ရရှိတဲ့ ပယင်းကျောက်ထဲကနေ ကမ္ဘာ့အသေးငယ်ဆုံး ဒိုင်နိုဆောမျိုးစိတ်ကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နှစ်သက်တမ်း ၉၉ သန်းရှိနေတဲ့ ဒီပယင်းကျောက်က ရှေးဟောင်းကျွန်းတန်းကွေးပေါ်မှာ ဖြစ်တည်ခဲ့တာလို့ ယူဆထားပါတယ်။ ပယင်းကျောက်ထဲမှာ တွေ့ရတဲ့ ဒိုင်နိုဆောခေါင်းက ငှက်ခေါင်းလိုပဲ။ အဲဒီဒိုင်နိုဆောမျိုးစိတ်သစ်က ကမ္ဘာ့အသေးဆုံးငှက်ဖြစ်တဲ့ ငှက်ပိတုန်းအရွယ်အစားလောက်ပဲ ရှိလိမ့်မယ်လို့ Nature စာစောင်မှာ သုတေသီတွေက ရေးသားထားပါတယ်။

အံ့အားသင့်စရာကောင်းတဲ့ အခုတွေ့ရှိမှုဟာ အကောင်ကြီးတဲ့ ဒိုင်နိုဆောတွေကနေ ငှက်ငယ်ကလေးတွေအဖြစ် ဆင့်ကဲပြောင်းလဲသွားတာကို မီးမောင်းထိုးပြဖွယ်ရှိနေပါတယ်။ ဒိုင်နိုဆောရဲ့ မျက်လုံးအိမ်အရိုးက ဇွန်းပုံစံမျိုးရှိပြီး ဇီးကွက်တွေရဲ့ မျက်လုံးအိမ် တည်ဆောက်မှုနဲ့တူလို့ အမြင်စူးရှဖွယ်ရှိပါတယ်။ ဒိုင်နိုဆောက အကောင်သေးပေမဲ့ မေးရိုးမှာ သွားတွေအများကြီးပါလို့ အင်းဆက်ပိုးမွှားတွေကို ဖမ်းယူစားသောက်ခဲ့မယ်လို့ ယူဆထားပါတယ်။ ဦးခေါင်းရဲ့တချို့အစိတ်အပိုင်းတွေက ဒိုင်နိုဆောနဲ့တူပြီး တချို့အစိတ်အပိုင်းတွေကတော့ ရှေးခေတ်တုန်းက ငှက်တွေနဲ့ တူပါတယ်။ သူ့ဘဝတစ်လျှောက်မှာ လေ့လာခွင့်ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲမှာ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းက အထူးခြားဆုံးပဲလို့ ဘေဂျင်းမြို့ တရုတ်သိပ္ပံအကယ်ဒမီရဲ့ ပါမောက္ခ အိုကွန်နာက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top