မက္ကဆီကိုနိုင်ငံမှာ လူ ၄၆ ယောက် သေဆုံးစေခဲ့တဲ့ အရက်ပုန်းရဲ့ မူလဇစ်မြစ်ကို ရှာဖွေနေ

14-5-2020-yyl-013.jpg

မိုရီလော့စ်နဲ့ ပူဘလာပြည်နယ်တွေမှာ လူ ၄၆ ယောက် သေဆုံးစေခဲ့တဲ့ အရက်ပုန်းရဲ့ မူလဇစ်မြစ်ကို မက္ကဆီကိုရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစပြီး လူတွေ ဖျားနာခဲ့ကြတာပါ။ တချို့သူတွေက အမေများနေ့ အထိမ်းအမှတ် အောင်ပွဲခံဖို့ အရက်ဝယ်သောက်ခဲ့ကြတာဖြစ်ပြီး တချို့သူတွေကတော့ အရက်ဝေတဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြတာပါ။

အရက်ပုန်းသောက်မိပြီး ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာမျိုးဖြစ်ရင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ မိုရီလို့စ်ပြည်နယ်မှာ လူ ၂၉ ယောက် သေဆုံးခဲ့ပြီး ပူဘလာပြည်နယ်မှာ လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။ အရက်ပုန်းချက်တဲ့နေရာကို ဖော်ထုတ်ဖို့အတွက် တီလစ်တက်ရွာကို စုံစမ်းစစ်ဆေးသူတွေ စေလွှတ်ထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top