ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း (၂) ခုအတွက် ဒေါ်လာ ၁၀ သန်းလှူဒါန်းခဲ့တဲ့ မိုက်ကယ်ဂျော်ဒန်

11-2-2021-yyl-58.jpg

ဘတ်စကတ်ဘောအကျော်အမောတစ်ဦးဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန် (Michael Jordan) ဟာ မြောက်ကာရိုလိုင်းနားရှိ သူ့ရဲ့ဇာတိမြို့ ဝီလ်မင်တန်အနီးနားမှာ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း (၂) ခုကို ဖွင့်လှစ်ဖို့ ကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့တယ်လို့ ဒေသဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုစနစ်က မနေ့က ကြေညာခဲ့ပါတယ်။

The Novant Health ဆေးခန်းတွေက မြောက်ကာရိုလိုင်းနားရဲ့အရှေ့တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ New Hanover ကောင်တီမှာ ၂၀၂၂ခုနှစ်အစောပိုင်းမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အခုလိုလှူဒါန်းမှုက ဘက်စကတ်အကျာ်အမောဆီကရရှိတဲ့ အကြီးမားဆုံးအရာတွေထဲကတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၉ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ Charlotte မှာ Michael Jordan မိသားစုဆေးခန်းဖွင့်ဖို့အတွက် ဂျော်ဒန်က ကန်ဒေါ်လာ ၇ သန်းပေးခဲ့ဖူးပါတယ်။ အဲဒီဆေးခန်းတွေမှာ လူနာပေါင်း ၄၅၀၀ ကျော်ရှိခဲ့ပြီးCOVID-19 ကာကွယ်ဆေး ၁၀၀၀ နီးပါးကိုထိုးဖို့လည်း ညွှန်ကြားပြီးသွားပြီလို့ Novant Health က ဆိုပါတယ်။

“ကျွန်တော်ရဲ့မွေးရပ်မြေမှာ အရေးပါတဲ့ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စွာ လက်လှမ်းမီစေဖို့ မိသားစုဆေးခန်းကိုတိုးချဲ့ဖို့ Novant Health နဲ့ထပ်မံမိတ်ဖက်လုပ်ကိုင်ရတာအရမ်းဂုဏ်ယူပါတယ်။ လူတိုင်းလူတိုင်းဟာ ဘယ်နေရာမှာ နေထိုင်ပါစေ၊ ဘယ်လိုပဲ အာမခံချက်မရှိပါစေ။ ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုရရှိသင့်ပါတယ်” လို့ ဂျော်ဒန်က ပြောပါတယ်။

ဂျော်ဒန်ဟာ ချာပယ်ဟေးလ်က မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်ကို မသွားခင် ဝီလ်မင်တန်မှာ ကြီးပြင်းခဲ့တာပါ။ သူက နောက်ပိုင်းမှာတော့ NBA မှာ ဘတ်စကတ်ဘော (၁၅) ပွဲကစားခဲ့ပြီး Chicago Bulls နဲ့ ချန်ပီယံဆု (၆) ဆုရရှိခဲ့ပါတယ်။

“ဝီလ်မင်တန်ဟာ ကျွန်တော့်နှလုံးသားထဲမှာရှိနေပြီး ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ကျွန်တော့်ကို ထောက်ပံ့ပေးခဲ့တဲ့ရပ်ရွာကိုပြန်ပေးဆပ်ရတာတကယ်ကိုကျေနပ်မိပါတယ်”လို့ ဂျော်ဒန်က ပြောပါတယ်။

Ref: ABCNews “Michael Jordan gives $10M for North Carolina health clinics”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top