တရုတ်နိုင်ငံရဲ့ ဘီလျံနာကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့လို့ လူငါးယောက်ကို ဖမ်းဆီး

16-6-2020-yyl-002.jpg

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ပြီးနောက်တရုတ်နိုင်ငံမှာ လူငါးယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဟီရှင်းကျန်ဟာ ကမ္ဘာ့အကြီးဆုံး အိမ်သုံးပစ္စည်း ထုတ်လုပ်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Midea ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ ဘီလျံနာတစ်ယောက်ဖြစ်ပြီး အသားတင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၄.၈ ဘီလျံရှိလို့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ အဆင့်(၆) နေရာ ရပ်တည်နေသူပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၊ ဖိုရှန်မြို့မှာရှိတဲ့ သူ့ရဲ့အပန်းဖြေစံအိမ်မှာ ဖောက်ထွင်းခံထားရတာကို ဟီရှင်းကျန်ရဲ့ သားဖြစ်သူက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။ သူ့သားက အိမ်ထဲဖောက်ထွင်း ဝင်ရောက်လာသူတွေ မသိအောင် တိတ်တဆိတ် အိမ်ပြင်ထွက်၊ မြစ်ကိုဖြတ်ကူးပြီး အကူအညီတောင်းခံခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ပါဝင်သူအားလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဘယ်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေကတော့ ဒီဖြစ်ရပ်ကို အက်ရှင်ရုပ်ရှင် ဇာတ်ဝင်ခန်းနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ ဟီရှင်းကျန်ရဲ့ အိမ်ထဲ ဝင်ရောက်လာသူတွေက ဖောက်ခွဲရေးပစ္စည်းတွေ ယူဆောင်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေကနေ တနင်္လာနေ့ နံနက်ကြားကာလအတွင်း ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို တုံ့ပြန်လှုပ်ရှားနေချိန်အတွင်း တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခံခဲ့ရတယ်လို့ ဒေသခံတွေက South China Morning Post သတင်းစာကို ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top