မိဘနှစ်ပါးနဲ့ ကောလိပ်အတူတူတက်ပြီး တစ်ချိန်တည်း ဘွဲ့ယူခဲ့သူ

16.5.2023-yyl-15.jpg

ကျောင်းသူလေးတစ်ယောက်က သူ့မိဘနှစ်ပါးနဲ့အတူ တစ်ချိန်တည်း ဘွဲ့ရခဲ့တယ်။ ဒါဟာ Texas Lutheran University ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်ပါပဲ။ အက်ရှလေ အာဒမ်စ်ဆိုတဲ့ အဲဒီကျောင်းသူလေးက သူ့မိဘနှစ်ပါးနဲ့ ကောလိပ်အတူတူတက်ပြီး ဘွဲ့ရခဲ့တာကြောင့် ဂုဏ်ယူနေတာပါ။ အရင်က သူ့မိဘနှစ်ပါးဟာ မိသားစုတစ်စုထူထောင်ချင်ခဲ့တာကြောင့် သူတို့ရဲ့ပညာရေးကို ဆုံးခန်းမတိုင်ခဲ့ရတာပါ။

အက်ရှလေရဲ့အ‌မေ ရော့ဘီက မိခင်တာဝန်ကို ယူခဲ့သလို ကျောင်းမှာလည်း သူ့ရဲ့အတန်းဖော်တွေကို နည်းအမျိုးမျိုးနဲ့ အမြဲကူညီပေးခဲ့တာပါ။ သူ့အဖေ ဂျော့ဂျ်ကလည်း ဂေါက်ရိုက်အသင်းထဲဝင်ပြီး ကောလိပ်အားကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။

သူ့မိဘတွေနဲ့အတူ ဘွဲ့ယူရတာက သူ့ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်တွေထဲက တစ်ခုဖြစ်တယ်လို့ အက်ရှလေက ဆိုပါတယ်။ အက်ရှလေက ပညာရေးနဲ့ဘွဲ့ရခဲ့တာဖြစ်ပြီး သူ့အမေရော့ဘီက စာရင်းပိုင်း ၊ သူ့အဖေဂျော့ဂျ်က စီးပွားရေးနဲ့ ဘွဲ့ရခဲ့တာပါ။

အက်ရှလေက သင်္ချာဆရာမတစ်ယောက်လုပ်ဖို့ အစီအစဉ်ရှိထားပါတယ်။ ရော့ဘီနဲ့ ဂျော့ဂျ်တို့ကလည်း အလုပ်တွေ လက်ခံထားပြီးပါပြီ။ ဂျော့ဂျ်က Randolph Air Force Base ရဲ့ လူ့စွမ်းအားအရင်းအမြစ်မှာ အလုပ်လုပ်သွားမှာဖြစ်ပြီး ရော့ဘီက CPA ကုမ္ပဏီ Forvis မှာ တွဲဖက်စာရင်းစစ်တစ်ယောက်အဖြစ် အလုပ်လုပ်မှာဖြစ်ပါတယ်။

Ref: Texas Mom, Dad and Daughter All Graduate from College at the Same Time

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top