ကန်ဒေါ်လာ ၁၃၉၉ တန်ကြေးရှိတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ မျက်နှာပြင် နှစ်ဖက်ခေါက်ဖုန်း

13-8-2020-yyl-010.jpg

မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ ပထမဆုံး Android ဖုန်းဖြစ်တဲ့ Surface Duo ကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာပါ။ အမေရိကန်ဒေါ်လာ ၁၃၉၉ ဒေါ်လာ တန်ကြေးရှိတဲ့ Surface Duo က iPhone 11 Max နဲ့ ဈေးအတူတူပါပဲ။ ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ မျက်နှာပြင်နှစ်ဖက်ရှိတဲ့ ခေါက်ဖုန်းဖြစ်ပါတယ်။

မျက်နှာပြင်တစ်ဖက်ကို ၅.၆ လက်မရှိပြီး ဖြန့်လိုက်ရင်တော့ ၈.၁ လက်မ တက်ဘလက်တစ်လုံးပုံစံ ဖြစ်သွားမှာပါ။ ကင်မရာတစ်လုံးပဲ ပါပေမဲ့ 4K video ရိုက်လို့ရပါတယ်။ ခေါက်ထားရင်တော့ မီနီ iPad ပုံစံမျိုးပေါ့။ ဒီဖုန်းက တော်တော်လည်း ပါးလွှာပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကစပြီး မိုက်ခရိုဆော့ဖ်ရဲ့ အွန်လိုင်းစတိုးဖြစ်တဲ့ Best Buy နဲ့ AT&T တို့မှာ ကြိုတင်မှာယူလို့ ရနေပါပြီ။

Ref: CNN ” Microsoft’s new phone is … $1,400? Why?”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top