ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂေါ်ဘာချက်ဗ် ကွယ်လွန်

31-8-2022-yyl31.jpg

စစ်အေးကာလကို ငြိမ်းချမ်းစွာ အဆုံးသတ်စေခဲ့တဲ့ ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ်ဂေါ်ဘာချက်ဗ်ဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ အာဏာရခဲ့တဲ့ ဂေါ်ဘာချက်ဗ်ဟာ ဆိုဗီယက်ပြည်ထောင်စုကို ကမ္ဘာကြီးနဲ့ ထိတွေ့စေခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့သူပါ။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတာကို မတားဆီးနိုင်ခဲ့ဘဲ မျက်မှောက်ခေတ် ရုရှားနိုင်ငံ ဖြစ်ပေါ်လာခဲ့တာပါ။

ဂေါ်ဘာချက်ဗ်က သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့သူဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဆိုပါတယ်။ ဂေါ်ဘာချက်ဗ်ဟာ နာတာရှည်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာလို့ သူ တက်ရောက်ကုသခဲ့တဲ့ မော်စကိုမြို့ဆေးရုံက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ကျန်းမာရေးညံ့ခဲ့ပြီး ဆေးရုံမကြာခဏ တက်ခဲ့ရတဲ့ ဂေါ်ဘာချက်ဗ်ဟာ ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတက်ခဲ့ရတာလို့ ပြီးခဲ့တဲ့ ဇွန်လမှာ နိုင်ငံတကာမီဒီယာတွေက ဖော်ပြခဲ့ဖူးပါတယ်။

ဂေါ်ဘာချက်ဗ်ဟာ စစ်အေးကာလတင်းမာမှုတွေ ရှိနေတဲ့ကြားကတောင် ကွဲပြားခြားနားတဲ့ အနာဂတ်ကို စိတ်ကူးပုံဖော်နိုင်စွမ်းရှိတဲ့ ရှားရှားပါးပါး နိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဂုဏ်ပြုခဲ့ပါတယ်။

Ref: Mikhail Gorbachev: Last Soviet leader dies aged 91

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top