ဘာမှ လုပ်စရာမလိုဘဲ တစ်နှစ်အတွင်း ဒေါ်လာ ၁ ဘီလျံ ရရှိသူ

28.12.23-yyl-8.jpg

စတိဗ်ဘောမားဆိုတာ ကမ္ဘာပေါ်မှာ ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး Microsoft ကုမ္ပဏီ အမှုဆောင်ချုပ်ဟောင်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၄ ခုနှစ်မှာ ဘာမှ လုပ်စရာမလိုဘဲ တစ်နှစ်အတွင်း ဒေါ်လာ ၁ ဘီလျံ ရရှိတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ Microsoft ကုမ္ပဏီရဲ့ ၃ လပတ် အမြတ်အစွန်း ခွဲတမ်းအရ ရှယ်ယာတစ်စုကို ၇၅ စင့် ပိုမိုရရှိမှာဖြစ်ပြီး တစ်နှစ်တာအတွက်ဆိုရင် ရှယ်ယာတစ်စုကို ၃ ဒေါ်လာ ပိုမိုရရှိမှာဖြစ်ကာ စတိဗ်ဘောမားက ရှယ်ယာအစုပေါင်း ၃၃၃.၂ သန်း ပိုင်ဆိုင်ထားတာကြောင့်ပါပဲ။

သူဟာ ကုမ္ပဏီရဲ့ ရှယ်ယာ ၄ ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ထားတာကြောင့် ၂၀၂၄ ဘဏ္ဍာနှစ်မှာ ဝင်ငွေ ဒေါ်လာ ၁ ဘီလျံအထိ ပိုမိုရရှိတော့မှာဖြစ်ပါတယ်။ Microsoft ကုမ္ပဏီဟာ ၂၀၀၃ ခုနှစ်ကစပြီး ရှယ်ယာရှင်တွေကို အမြတ်ငွေ ခွဲပေးခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အမြတ်ငွေ ပိုတိုးလာစမြဲပါပဲ။
စတိဗ်ဘောမားအနေနဲ့ ဝင်ငွေ ဒေါ်လာ ၁ ဘီလျံ တိုးလာမှာဖြစ်ပေမဲ့ Microsoft ကုမ္ပဏီရဲ့ အမြတ်ငွေခွဲတမ်းတစ်ခုတည်းတင် ဝင်ငွေခွန် ဒေါ်လာ သန်း ၂၀၀ ပေးဆောင်ရဖွယ် ရှိနေပါတယ်။

Ref:Steve Ballmer is set to make $1 billion a year for doing nothing

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top