လကမ္ဘာပေါ် ခြေချခဲ့တဲ့ ဒုတိယမြောက်ပုဂ္ဂိုလ် ၉၃ နှစ်ပြည့်မွေးနေ့မှာ ၄ ကြိမ်မြောက်လက်ထပ်

23-1-2023-yyl-174.jpg

လကမ္ဘာပေါ် ခြေချခဲ့တဲ့ ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်တဲ့ အမေရိကန်အာကာသယာဉ်မှူးဟောင်း ဘပ်ဇ် အယ်လ်ဒရင်ဟာ သူ့ရဲ့ ၉၃ နှစ်မြောက် မွေးနေ့မှာ ၄ ကြိမ်မြောက် လက်ထပ်ခဲ့ပါတယ်။ ဘပ်ဇ်က သူ့ရဲ့ ၆၃ နှစ်အရွယ်ချစ်သူ အန်ကာ ဖော်ယာနဲ့ လက်ထပ်လိုက်ပြီဆိုတာကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ အသိပေးခဲ့တာပါ။

သူက လော့စ်အိန်ဂျလိစ်မှာ သီးသန့်အခမ်းအနားလေးတစ်ခုနဲ့ လက်ထပ်ထိမ်းမြားခဲ့တာပါ။ သူ့ရဲ့မွေးနေ့မှာ လက်ထပ်ခဲ့တဲ့အပြင် ဘပ်ဇ်က အဲဒီနေ့မှာပဲ The Living Legends of Aviation ဆုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ The Living Legends of Aviation က အာကာသလုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့ဆုဖြစ်ပါတယ်။

ဘပ်ဇ်ရဲ့ဇနီးအသစ် အန်ကာက ဓာတုအင်ဂျင်နီယာနဲ့ ပါရဂူဘွဲ့ရရှိထားပါတယ်။ သူက Buzz Aldrin Ventures ရဲ့ ဒုဥက္ကဌလည်းဖြစ်ပါတယ်။ ဘပ်ဇ် အယ်လ်ဒရင်ဟာ ၁၉၆၉ ခုနှစ်က Apollo 11 မစ်ရှင်မှာ ပိုင်းလော့ဖြစ်ခဲ့ပြီး သူ့ရဲ့အဖွဲ့နဲ့အတူ လကမ္ဘာပေါ် ဆင်းသက်ခဲ့ပါတယ်။ ဘပ်ဇ်နဲ့ မစ်ရှင်မှူး နီးလ် အမ်းစထရောင်းတို့ဟာ လကမ္ဘာပေါ်ခြေချခဲ့တဲ့ ပထမဆုံးလူ (၂) နှစ်ဦးဖြစ်လာခဲ့ပါတယ်။ လကမ္ဘာပေါ်ခြေချတဲ့သမိုင်းဝင်အခိုက်အတန့်ကို ရုပ်မြင်သံကြားမှာ ပြသခဲ့ပြီး အဲဒီအချိန်က ကြည့်ရှုသူ သန်း ၆၀၀ လောက်ရှိခဲ့ပါတယ်။

Ref: Buzz Aldrin, the US astronaut who went to the moon, marries for 4th time on 93rd birthday

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top