အကြားအာရုံ ပျောက်ကွယ်ခြင်းနဲ့ ဆွံ့ အ နားမကြားခြင်း (Hearing Loss and Deafness)

senior-man-with-hearing-problems-68VZQH2.jpg

ကမ္ဘာတစ်ဝှမ်း အကြားအာရုံချို့တဲ့နေသူပေါင်း (၄၆၆) သန်းခန့်ရှိပါတယ်။ ထိုဝေဒနာရှင်များထဲမှာ (၃၄) သန်း ခန့်ဟာ ကလေးသူငယ်များဖြစ်ကြပါတယ်။ ခန့်မှန်းခြေများအရ လာမည့် ခုနှစ် ၂၀၅၀ မှာ အကြားအာရုံချို့တဲ့သူ ပေါင်း သန်း (၉၀၀) ခန့် ဖြစ်လာလိမ့်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

အကြားအာရုံချို့တဲ့ရတဲ့ အကြောင်းအရင်းတွေကတော့ မျိုးရိုးဗီဇ ကြောင့်၊ မွေးဖွာစဉ် အခက်အခဲကြုံဆုံကြရမှုကြောင့်၊ ကူးစက်ရောဂါခံစားကြရမှုများကြောင့်၊ နာတာရှည် နား တွင်ကူးစက်ခံရမှု၊ အမျိုးမျိုးသော ဆေးဝါးသုံးစွဲမှုများကြောင့်၊ အလွန်အမင်း ဆူညံသံများနဲ့ ထိတွေ့ခံရမှုများကြောင့် နဲ့ အသက်ကြီးရောဂါများကြောင့် ဟုဆိုထားပါတယ်။

၆၀ ရာခိုင်နှုန်းသော ကလေးသူငယ်များရဲ့ အကြားအာရုံချို့တဲ့မှုများဟာ ကာကွယ်နိုင်သော အကြောင်းအရင်းများမှဖြစ်ပွားခဲ့ကြပါတယ်။ ၁.၁ ဘီလျံ ခန့်သော လူငယ် (အသက် ၁၂ မှ၃၅ နှစ်အကြား) များသည် အလွန်အမင်း ဆူညံသံများနဲ့ ထိတွေ့ခံစားနေရမှုများကြောင့် အကြားအာရုံချို့တဲ့ လာမှုများနဲ့ ရင်ဆိုင်နေကြရပါတယ်။ များသောအားဖြင့် ထိုအပျော်အပါး ပွဲလမ်းသဘင်များမှ သီချင်းဆူညံသံများနဲ့ ထိတွေ့ မှုတွေကြောင့်ဖြစ်ပါတယ်။

အကြမ်းဖျင်းအားဖြင့် အကြားအာရုံများကြောင့် ကုသမှု ကုန်ကျစရိတ် နှစ်စဉ် ကမ္ဘာတစ်ဝှမ်းတွင် ၇၅၀ ဘီလျံဒေါ်လာကုန်ကျမှုရှိ နေပါတယ်။ ထိုသို့အကြား အာ ရုံချို့တဲ့မှု များမှ ကာကွယ်ခြင်း နဲ့ ဖြစ်စဉ်များအပေါ် စောစီးစွာ ကျိုးကြောင်း ဆက်စပ် ဖော် ထုတ်မှု များက အားလုံး အတွက် ထိရောက်မှုလုပ်ဆောင်ချက်ဖြစ်ပါတယ်။

အကြားအာရုံတွေဟာ ပုံမှန်အားခြင့် အသေးစား အကြားအာရုံချို့တဲ့မှုကနေ လုံး၀ ဆွံ့ အ နားမကြားတော့တဲ့အထိ အဆင့်ဆင့်ရှိကြပါတယ်။ ဒီလို မျိုး ခံစားနေရတဲ့ လူအချို့ ကတော့ နားကြပ်ကို တပ်ဆင်ကြပြီးတော့ အကြားအာရုံကို ရယူရတာဖြစ်ပါတယ်။ တစ်ချို့သော ဝေဒနာရှင် တွေက သင်္ကေတ ဘာသာစကား စနစ် ကို ပြောဆိုဆက်ဆံဖို့ အသုံးပြုကြပါတယ်။ တစ်ချို့ ကတော့ နှုတ်ခမ်းအသွားအလာကို မှတ်ပြီး စကားပြောကြကာ တစ်ချို့ ကတော့ နှစ်မျိုးလုံးအသုံးပြုကြပါတယ်။

အကြားအာရုံ ချို့တဲ့ သောလူတွေအနေဖြင့် နေ့ စဉ်ဒုက္ခ အခက်အခဲတွေရှိကြပါတယ်။ အထူးသဖြင့်တော့ လူစုလူဝေး ထဲမှာ ရောက်သွားတဲ့အခါပိုပြီး ခက်ခဲပါတယ်။ ဒီလို ခက်ခဲမှု တွေက ဘယ်လိုအကျိုးဆက်ဖြစ်လာလဲဆိုရင် ဒီဝေဒနာရှင်တွေအနေနဲ့ အထီးကျန် မှုကိုခံစားလာရခြင်း၊ စိတ်ညစ်တတ်လာခြင်း၊ ဒေါသထွက်တတ်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု အားနည်းလာခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သလိုခံစားရခြင်း နဲ့ စိတ်ဓာတ် ကျခြင်းဆိုတဲ့ လက္ခဏာတွေ ထွက် ပေါ်လာကြပါတယ်။

ကဲဒါတွေကိုသင်သိပြီဆိုရင် ဒီလိုဝေဒနာရှင်တွေကို ဘယ်လိုကူညီကြမလဲ…..

ပထမဆုံးအချက်အနေနဲ့ကတော့ ဒီဝေဒနာဖြစ်နေတဲ့ သူတွေရဲ့ မိသားစု နဲ့သော်လည်းကောင်း (သို့) ဝေဒနာရှင် တစ်ဦးတစ်ယောက်နဲ့ သော်လည်းကောင်း တွေ့ဆုံဆွေးနွေးသင့်ပြီး လိုအပ်တာတွေကို ဘယ်လိုပံ့ပိုးပေးသင့်သလဲဆိုတာ ဆုံးဖြတ်ပါ။ ဒီနေရာမှာ အရမ်းဂရုစိုက်သင့်တာက သူတို့ တွေကို ဆက်ဆံရာမှာ စိတ်ရှည်သင့်ပါတယ်။ ဘာလို့ လဲဆိုတော့ သူတို့ မှာ အရေး၊ အဖတ် အခက်အခဲရှိကြလိုပဲ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ဝေဒနာရှင်နဲ့ သော်လည်းကောင်း၊ မိဘအုပ်ထိန်းသူတွေနဲ့သော် လည်း ကောင်း ဆွေးနွေးပြီး ခံစားနေရတဲ့ ဝေဒနာရှင်ရဲ့ အားသာချက်၊ အားနည်းချက်တွေ ကိုသိပြီး သင်ကြားရေးမှာ လိုအပ်တဲ့ ဘယ်လို သင်ထောက်ကူပစ္စည်းတွေ ပံ့ပိုးပေးရမ လဲဆိုတာကို ဆုံးဖြတ်ပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သူတို့ ကို ထိရောက်တဲ့ အကူ အညီများ ပေးနိုင်မည်ဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ကတော့ သင့်အနေနဲ့ တတ်အားသရွေ့ ကူညီနိုင်သလောက်ကူညီပြီး သူတို့ တွေသိသင့်သိထိုက်တဲ့ အကြောင်းအရာကို ပြောပြစေခြင်း နဲ့ သူတို့ ရဲ့ ခံစားချက်တွေ အပြန်အလှန် မျှဝေပေးနိုင်အောင် အကူအညီများပေးနိုင်ပါတယ်။

နောက်အချက်အနေနဲ့ အကြားအာရုံချို့တဲ့သူများ အတွက် အထိရောက်ဆုံး သော ကုသမှုများကတော့ အကြားအာရုံရစေမည့် အထောက်အကူပြု စက်ပစ္စည်းကိရိယာများ တပ်ဆင်မှု၊ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း ပေးသော ပစ္စည်း (cochlear implants) များတပ်ဆင်မှုများနဲ့ အခြားသော sign language သင်္ကေတ ဖြင့်အထောက်အကူပြု လက် ဟန်ခြေဟန်၊ကိုယ် အမူအရာ ဖြင့် ဘာသာစကားများကို နားလည်အောင် ကူညီပေးမှုများ ရရှိဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဆွံ့အနားမကြားသူတွေ (သို့) အကြားအာရုံ အား နည်း သူ တွေကို ကူညီထောက်ပံ့နိုင်တဲ့ အရာတွေကတော့..

  • နားကြပ်
  • မိုက်ခရိုဖုန်း
  • အသံစနစ် စက်
  • စားတန်းထိုး ရုပ်သံများ
  • သင်္ကေတစနစ်၊ ကိုယ်ဟန်လက်ဟန် စနစ် (ဝေဒနာရှင်နားလည်ပါက) များကို အသုံးပြုခြင်းဖြင့် ဖေးမကူညီနိုင်ပါတယ်။

အကယ်၍ မသန်စွမ်း စာသင်ကျောင်းများနဲ့ အလှမ်းဝေးသော် သင့်အနေနဲ့ အကြားအာရုံချို့တဲ့သူများကို ကူညီ ပေး နိုင်တာတွေကတော့

  • ပြုလုပ်နိုင်တဲ့ နည်းလမ်းများရှာကြံပါ။ စာရွက် ပေါ်မှာ ရုပ်ပုံများ၊ စာများရေးပြပါ။ ကွန်ပြူတာရှိပါက သုံးပါ။ မိမိသင်ကြားသောအရာများကို တစ်ယောက်အား ကူညီခိုင်ပြီး မှတ်စုတိုဖြင့်မှတ်သားခိုင်းထားပါ။
  • ဝေဒနာရှင်ကို ပုံမှန်လေသံဖြင့်သာ စကားပြောပါ။ မကြားသေးပါက ပြန်လည် ထပ်ပြောပါ။ အသံ အကျယ်ဖြင့်မပြောရ။
  • အချက်အလက်များကို ရုပ်ပုံသင်္ကေတများဖြင့် ပြသပါ။ ဥပမာ ရုပ်ပုံကားချပ်၊ ပရိုဂျက်တာ၊ ပိုစတာ၊ ကျောက်သင်ပုန်း များကိုအသုံးပြုပါ။ သေချာပြု လုပ်သင့်တာက မိမိသင်လိုက်တဲ့အရာကို ဝေဒနာရှင်အား အချိန်ပေးပြီး စောင့်ဆိုင်းပါ။ ဖြည်းဖြည်းခြင်း ဆွဲခေါ်ပါ။ အဘယ်ကြောင့်ဆိုသော် အကြားအာရုံ ချို့ တဲ့သူတွေအနေနဲ့ ရုပ်ပုံ များကိုသာ အားထားရသောကြောင့် သင်ယူတဲ့ အခါမှာ အချိန်ပိုပေးသင့်ပါတယ်။
  • ဝေါဟာရအသစ်တွေကို မိတ်ဆက် ပေးပြီး သေချာစွာရှင်းပြပါ။ စကားလုံးအသစ် များကို ထပ်ခါတလဲလဲ ပြန်လည်လေ့ကျင့်ခိုင်းပါ။
  • စာတန်းထိုးရုပ်သံများကို ထည့်သွင်းပြသပေးပါ။ မသင်ခင်မှာ အဆင်သင့် အားလုံး တပ်ဆင်ထားပါ။
  • အုပ်ထိန်းသူတွေနဲ့ ပြုစုစောင့်ရှောက်သူတွေ ဝေဒနာရှင်ကို ကိုယ်တွယ်ပုံ ကိုယ်တွယ်နည်းလေ့လာပါ။

ဒီလို သင့်အနေနဲ့ အိမ်တွင်း ကူညီဖေးမမှုများပြုလုပ် ပေးနိုင်ပါတယ်။ အကြားအာရုံ အကူညီပေး စာသင်ကျောင်းများနဲ့ နီးပါက ထိုဌာနရှိ တာဝန်ရှိသူကို ဆက်သွယ်အကြောင်းကြားပါ။ မရှိပါက အိမ်တွင်း လေ့လာမှု ပြုပြီးသင်ကြား ပေးနိုင်ပါတယ်။ ဒီလိုဖေးမ ကူညီစေခြင်းဖြင့် ဤဝေဒနာကို ခံစားနေရတဲ့ လူတွေအနေနဲ့ လူကောင်း ပကတိ လိုပဲ ရှင်သန်နိုင်ကြပါတယ်။ ပစ်ပယ်ထားခြင်းမှ ရှောင်ကျဉ်ပါ။ သူတို့အနေနဲ့ သာမန်လူများလိုပဲ မတူကွဲပြားစွာ စွမ်းဆောင်နိုင်ကြပါတယ်။

Ref: ids.org and WHO

Thar Htoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top