ညီမနဲ့ အစ်မတွေရှိသူအမျိုးသားတစ်ဦးကို လက်တွဲဖော်အဖြစ်ရွေးချယ်လိုက်သင့်တာ ဘာကြောင့်လဲ

66430633.cms_.jpg

တကယ်တော့ ဘဝလက်တွဲဖော်ကောင်းကို ရှာတွေ့ရှိဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ တချို့ မိန်းကလေးတွေက ယောက်မဒဏ်ကိုခံရမှာစိုးလို့ ညီမ၊ အစ်မများတဲ့အမျိုးသားတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ဆို အတော်စဉ်းစားတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလို ညီမ၊ အစ်မတွေရှိတဲ့ ယောကျာ်း မျိုးက ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာချေများကြောင်း လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ဆက်ပြီးဖတ်ရှုလိုက် ပါဦးနော်..။

ပျော်ပျော်နေတတ်ခြင်း

ညီမ၊ အစ်မ ရှိနေတာက တကယ်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ညီမ၊ အစ်မ ရှိတဲ့အမျိုးသားတစ်ယောက်က အခြားလူတွေနဲ့ ယှဉ်လိုက်ရင် ပိုပြီး ပျော်ပျော်နေတတ်တာကို University of Ulster and De Monfort University က သုတေသီတွေရဲ့ လေ့လာစမ်းသပ်ချက်မှာ တွေ့ရှိထားပါတယ်။

ဆက်ဆံရေးကောင်းမွန်ပြီး စကားပြောကောင်းခြင်း

အမျိုးသားတွေက မိသားစုဝင်တွေထဲမှာဆိုရင် ညီမတွေနဲ့ ပိုပြီး ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်ကြပါတယ်။ ညီမတွေရှိတဲ့အမျိုးသားတစ်ဦးဟာ စကားပြော ကောင်းတတ်ပြီး စိတ်ခံစားချက်ကိုဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းရှိပါတယ်။ ဆက်ဆံရေးကောင်း၊ စကားပြောကောင်းတာက ကောင်းမွန်တဲ့ Relationship တစ်ခုကိုတည်ဆောက်တဲ့အခါ အရေးကြီးတယ်လို့ ကျွမ်းကျင်ပညာရှင်တွေကဆိုကြပါတယ်။

အလိုက်သိပြီး နားလည်ပေးတတ်ခြင်း

ညီမ၊ အစ်မတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့ အမျိုးသားတွေက အမျိုးသမီးတွေအပေါ် ပိုပြီး နားလည်မှုရှိတတ်ကြပါတယ်။ အမျိုးသမီးတစ်ယောက် ဘာဖြစ်ချင်နေ လဲ၊ ဘာတွေလိုအပ်နေလဲဆိုတာကို မပြောပြဘဲနဲ့တောင် အလိုက်သိပြီး အချိန်တိုင်းလည်း နားလည်ပေးနိုင်ကြပါတယ်။

နှစ်သိမ့်ဖေးမ ကြင်နာပေးတတ်ခြင်း

ညီမ၊ အစ်မတွေရှိတဲ့အမျိုးသားက အမျိုးသမီးတစ်ယောက် သူ့ကိုလိုအပ်လာတဲ့အခါတိုင်း တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ် ဦးဆောင်ဦးရွက်ပြုပြီး အနားမှာ နေပေးကြပါတယ်။ လိုအပ်သမျှဘယ်အချိန်မဆို ကာကွယ်ဂရုစိုက်ပေးသူတစ်ယောက်အဖြစ်နေပေးတတ်တဲ့အပြင် အမျိုးသမီးတစ်ယောက်ကို ဘယ်လို ပျော်ရွှင်အောင်လုပ်ပေးရမလဲဆိုတာကိုလည်း ကောင်းကောင်းသိကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။

လေးစားတတ်ခြင်း

ညီမ၊ အစ်မတွေရှိတဲ့အမျိုးသားတစ်ယောက်က အမျိုးသမီးတွေအကြားမှာ ကြီးပြင်းလာခဲ့ရတဲ့အတွက် အမျိုးသမီးတစ်ယောက်ကို အခြားသူတွေထက် ပိုနားလည်ကြပါတယ်။ အမျိုးသမီးတစ်ယောက်ကို လေးစားမှုရှိရှိနဲ့ ဘယ်လိုဆက်ဆံပြောဆိုရမယ်၊ ဘယ်လိုနေရာပေးရမယ်၊ ရှေ့ကနေ ဘယ်လိုမားမား မတ်မတ်ရပ်တည်ရမယ်ဆိုတာကိုလည်း သိထားကြတယ်လို့ လေ့လာတွေ့ရှိထားတာဖြစ်ပါတယ်။

Ref: TOI “Here’s Why A Man With Sisters Makes The Best Husband”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top