ကိုမာဖြစ်နေပြီး ၁၅ နှစ်အကြာမှာ လက်မြှောက်နိုင်နေပြီဖြစ်တဲ့ ဆော်ဒီမင်းသား

23-10-2020-yyl-001.jpg

အခုဆိုရင် ဆယ်စုနှစ်တစ်ခုကျော် ကိုမာဖြစ်နေတဲ့ ဆော်ဒီမင်းသား အယ် ဝယ်လီတ် ဘင် ခါလစ် အယ်လ်ဆောဒ် ဟာ သူ့ရဲ့လက်ချောင်းတွေကို မြှောက်ပြနိုင်ခဲ့ပါပြီ။ ကိုမာအနေအထားနဲ့ ဆော်ဒီမင်းသား လက်မြှောက်နိုင်တယ်ဆိုတာကို ဗီဒီယိုမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ အမျိုးသမီးတစ်ဦးက သူ့ကို နှုတ်ဆက်တဲ့အတွက် သူ့လက်ချောင်းတွေ မြှောက်ပြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးက “ဟိုင်း..ဒီဒီ ဟယ်လို, ဟယ်လို ကျွန်မ ကြည့်ရအောင် ဟိုင်း” လို့ ပြောတဲ့အချိန်မှာ မင်းသားက သူ့ပြောစကားကို တုံ့ပြန်တဲ့အနေနဲ့ လက်ချောင်းလေးတွေ လှုပ်ပြခဲ့တာပါ။ အဲဒီအမျိုးသားက နောက်ထပ် ပိုပြီးမြှောက်ပြဖို့ ပြောတဲ့အခါမှာ ဆော်ဒီမင်းသားက သူ့ရဲ့လက်တစ်ဖက်လုံးကို မြှောက်ပြခဲ့ပါတယ်။ ဒီမှတ်တမ်းဗီဒီယိုကို ဆော်ဒီမင်းသမီး နော်ရာ ဘင် တာလ်လယ် အယ်လ်ဆောဒ်က တွစ်တာအကောင့်မှာ တင်ခဲ့ပြီး ကြည့်ရှုသူ (၂) သိန်းကျော် ရှိနေပါပြီ။

ဆော်ဒီမင်းသားဟာ စစ်တက္ကသိုလ်မှာ ပညာသင်ကြားနေစဉ်က ယာဉ်တိုက်မှုကြောင့် ဦးနှောက်အတွင်းသွေးယိုစိမ့်မှုဖြစ်ခဲ့တဲ့ ၂၀၀၅ခုနှစ်ကတည်းက ကိုမာဖြစ်နေခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ် ကားမတော်တဆမှုဖြစ်ပြီးကတည်းက အသက်ရှုစက်နဲ့ ရှိနေခဲ့ရပါတယ်။ အခုနှစ်မတိုင်ခင် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားပြတာကို မှတ်တမ်းတင်ခဲ့တာက လွန်ခဲ့တဲ့ ၅ နှစ်ကပါ။ ဆေးရုံကုတင်ပေါ်မှာ အိပ်ပျော်နေပြီး လက်မြှောက်ပြတဲ့ မင်းသားရဲ့အခုဗီဒီယိုက လူအများကြားတော်တော်လေးပျံ့နှံ့သွားခဲ့ပါတယ်။ မင်းသားရဲ့အခြေအနေက အရင်ကထက် သက်သာလာတယ်လို့ ပြောလို့ရပါတယ်။

မင်းသားရဲ့အဖေ အယ် ဝယ်လီတ် ဘင် တာလ်လယ် ကတော့ တစ်နေ့ သူ့သား လုံးဝကျန်းမာရေးပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ဘူးလို့ သိရပါတယ်။

Video ကြည့်ရန်

Ref: Dailymail “Moment comatose Saudi Prince manages to lift his hand to woman’s voice after 15 years in a coma following car crash”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top