ထူးထူးခြားခြား ရေတွေ ပန်းထွက်နေတဲ့ ပိုးစာပင်ကြီး

6-5-2022-yyl04.jpg

မွန်တီနီဂရိုးနိုင်ငံမှာရှိတဲ့ ပိုးစာပင်ကြီးက နှစ် ၁၀၀ သက်တမ်းရှိပါပြီ။ နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီကုန်ရင် အဲဒီပိုးစာပင်ကြီးကနေ ရေတွေ ပန်းထွက်လာစမြဲပါပဲ။ အဲဒီမြင်ကွင်းက အံ့အားသင့်စရာပါ။

ပိုးစာပင်ကြီးအောက်မှာ မြေအောက်စိမ့်စမ်းတစ်ခု ရှိပါတယ်။ ဆီးနှင်းတွေ အရည်ပျော်တဲ့အခါ (ဒါမှမဟုတ်) မိုးကြီးတဲ့အခါ မြေအောက်စိမ့်စမ်း ရေလျှံပြီး ရေဖိအားကြောင့် သစ်ပင်ရဲ့ရေသောက်မြစ်တွေက ဟောင်းလောင်းပွ ပင်စည်ထဲကို ရေထဲ စုပ်သွင်းမိတာပါ။ ပင်စည်ထဲမှာ ရေပြည့်သွားတဲ့အခါ ပင်စည်ရဲ့ အပေါက်ထဲကနေ ရေတွေ ပန်းထွက်လာတာ ဖြစ်ပါတယ်။

ပိုးစာပင်ကြီးကနေ ရေတွေ ပန်းထွက်နေတဲ့ဖြစ်ရပ်က ၁ ရက် (သို့မဟုတ်) ၂ ရက်လောက် ကြာမြင့်တတ်ပြီး အရင်ကတော့ နားလည်ရခက်တဲ့ ပဟေဋ္ဌိတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ မွန်တီနီဂရိုးနိုင်ငံ ဒိုင်နိုဆာမြို့မှာ အဲဒီပိုးစာပင်ကြီး ရှိပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top