ပင်လယ်ထဲက ပလတ်စတစ်အမှိုက်တွေ အသုံးပြုပြီး ရေနေသတ္တဝါရုပ်တုတွေ ဖန်တီး

20-4-2022-yyl-03.jpg

ပင်လယ်ထဲက ပလတ်စတစ်အမှိုက်တွေကို လူတွေ သတိထားမိလာစေဖို့ ရည်ရွယ်ပြီး အမေရိကန်နိုင်ငံတစ်ဝန်းမှာ သက်ရှိအရွယ်အစား ပုံဖော်ဖန်တီးထားတဲ့ ရေနေသတ္တဝါရုပ်တုတွေကို လှည့်လည်ပြသလျက် ရှိပါတယ်။ အဲဒီရုပ်တုတွေကို ပင်လယ်ထဲက ဆယ်ထားတဲ့ ပလတ်စတစ်အမှိုက်တွေ အသုံးပြုပြီး ဖန်တီးထားတာပါ။

အနုပညာကို အရင်းခံပြီး ပင်လယ်ပြင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ Washed Ashore စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်မှာ စတင်ခဲ့ကြတာပါ။ စီမံကိန်း စတင်ပြီးနောက်ပိုင်း လုပ်အားပေးတွေက ကမ်းခြေတွေမှာ မိုင် ၃၀၀ အကွာအဝေးအထိ သန့်ရှင်းရေးလုပ်ပြီး အမှိုက်အလေးချိန် ပေါင် ၆၀၀၀၀ ကောက်ယူခဲ့ကြတာပါ။ အဲဒီအမှိုက်တွေကနေ အနုပညာလက်ရာမြောက် ရုပ်တု ၈၆ ရုပ်ကို ဖန်တီးခဲ့ကြတာပါ။ ” ဒါကတော့ အကျည်းတန်ပြဿနာအတွက် လှပတဲ့အဖြေပါပဲ” လို့ Washed Ashore ရဲ့ ဒါရိုက်တာ ဘရက်ဒ်ပါ့ခ်က ပြောပါတယ်။

Washed Ashore က ဦးဆောင်လှုပ်ရှားတဲ့ ကမ်းခြေသန့်ရှင်းရေးလုပ်ငန်းတွေမှာ လူ ၁၄၀၀၀ ကျော်က လုပ်အားပေးအဖြစ် ပါဝင်ခဲ့ကြပါတယ်။ သူတို့တွေဟာ အမှိုက်ကောက်ပေးရုံတင်မကဘဲ ဆေးကြောသန့်ရှင်းတာ၊ ပလတ်စတစ်အမှိုက်တွေကို အရွယ်အစားတူ၊ အရောင်တူ စုပေးတာ စတဲ့အလုပ်တွေမှာပါ ဝိုင်းကူခဲ့ကြပါတယ်။အခုအချိန်မှာတော့ ပလတ်စတစ်အမှိုက်တွေ အသုံးပြု ထုဆစ်ထားတဲ့ ရုပ်တုတွေကို စမစ်ဆိုနီယန် အမေရိကန်သမိုင်း အမျိုးသားပြတိုက်မှာ ပြသထားပြီး နောက်ပိုင်းကျရင်တော့ တင်နက်ဆီငါးပြတိုက်၊ ဂျွန်ဘောတိရစ္ဆာန်ရုံ၊ လင်ကွန်းမြို့ယဉ်ကျေးမှုစင်တာ၊ ဝီချီတာရုက္ခဗေဒဥယျာဉ်တွေမှာ လှည့်လည်ပြသဖို့ ရှိပါတယ်။

Ref: Goodnews “Monumental Animal Sculptures Made From 35 Tons of Plastic Collected on Oregon Coast by Volunteers”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top