တိုက်ပွဲတွေကြောင့် ကယားပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ တစ်သိန်းကျော်ရှိ

17-6-2021-yyl-44.jpg

ကယားပြည်နယ်မှာ တပ်မတော်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကယားပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း (၁၀၈,၈၀၀) ဝန်းကျင်ရှိနေတယ်လို့ United Nations OCHA Myanmar ဆီက သိရပါတယ်။

“ဒေသခံအကူအညီပေးရေးအစီအစဉ်တွေကို ချက်ချင်းဆောင်ရွက်နိုင်ပေမယ့်လည်း လိုအပ်ချက်တွေကို ထိရောက်စွာ ဖြည့်ဆည်းနိုင်ခြင်းမရှိသေးပါဘူး။ လုံခြုံရေးအခြေအနေနဲ့ ကားလမ်းပိတ်ဆို့မှုတွေကြောင့် ကြိုးပမ်းမှုတွေဟာ စိန်ခေါ်မှုတွေဖြစ်နေတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ လူဦးရေ (၁၁,၇၀၀) ဝန်းကျင် ၊ ကရင်ပြည်နယ်မှာ လူဦးရေ (၄၇,၆၀၀) ဝန်းကျင်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ လူဦးရေ (၄,၀၀၀) ဝန်းကျင်တို့က တိုက်ပွဲရှောင်နေထိုင်နေရဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ အကြမ်းဖက်မှု၊ လုံခြုံရေးအခြေအနေနဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ (၁၆၀,၄၀၀) ဝန်းကျင်က နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ကိန်းဂဏန်းဖော်ပြချက်အရ သိရပါတယ်။

Photo- Social Media
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top