မင်္ဂလာပွဲကို တီဗီကနေ ပြသသွားမယ်ဆိုတဲ့ ပဲရစ်ဟီလ်တန်

17-6-2021-yyl-46.jpg

အသက် ၄၀ အရွယ် အဆိုတော်၊ သရုပ်ဆောင်၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ပဲရစ်ဟီလ်တန် (Paris Hilton) က အခုနှစ် အစောပိုင်းမှာ သူ့ရဲ့ချစ်သူ စာရေးဆရာ ကာတာ ရီအန် (Carter Reum) နဲ့ စေ့စပ်ကြောင်းလမ်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့စေ့စပ်ပွဲအခမ်းအနားပြင်ဆင်နေမှုအားလုံးကိုလည်း Reality Show အသစ် Paris in Love မှာ ထည့်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် သူ့ရဲ့မင်္ဂလာပွဲကိုလည်း တီဗီရှိုးမှာ ပြသသွားမှာဖြစ်တယ်လို့လည်း ပဲရစ် ဟီလ်တန်က အတည်ပြုပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ရဲ့ တီဗီရှိုးအသစ်ကို စတင်ရိုက်ကူးနေပါပြီ။ အခုဆို နယူးယောက်မှာ ရိုက်ကူးနေပါတယ်။ အဝတ်အစားအတွက်လည်း အဆင်သင့်ဖြစ်နေပြီး အပျိုညပါတီပွဲတစ်ခုကို ကျင်းပဖို့လည်း စီစဉ်နေပါတယ်။ အများကြီးရှိပါတယ်။ ကျွန်မရဲ့ပရိသတ်တွေအားလုံးကို မျှဝေရတဲ့အတွက် အရမ်း စိတ်လှုပ်ရှားနေရပါတယ်” လို့ ပဲရစ်က ထုတ်ပြောပြခဲ့ပါတယ်။

မင်္ဂလာပွဲကိုလည်း တီဗီမှာ ပြသမှာလားလို့ မေးမြန်းတော့ ပဲရစ်က “ပြပါမှာ” လို့ အတည်ပြုပေးခဲ့ပါတယ်။ သူ့ရဲ့မင်္ဂလာပွဲက မှော်ဆန်ပြီး ပျော်စရာကောင်းတဲ့အရာတစ်ခုဖြစ်မှာဖြစ်ပြီး သူ့ရဲ့အချစ်ဆုံးခွေးလေးလည်း အခမ်းအနားမှာ ပါဝင်မှာဖြစ်ပါတယ်။

ပဲရစ်က ကာတာကို သူ့ရဲ့ “Prince Charming” အဖြစ် တင်စားခဲ့ပြီး အရင်က သူ့လိုမျိုးဘယ်သူကိုမှ မတွေ့ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ ကာတာရဲ့ထောက်ပံ့မှုကို ရရှိတဲ့အပေါ် ဘယ်လိုခံစားလဲမေးတော့လည်း ” အဲဒီလို မေးခွန်းမေးပြီး ကျွန်မကို ငိုအောင် လုပ်နေပြီ။ ကျွန်မရဲ့ဘဝမှာ ဒီလိုယောက်ျားမျိုး ဘယ်တုန်းကမှ မတွေ့ဆုံခဲ့ဖူးဘူး။ ကျွန်မကို အရမ်းချစ်ပေးတဲ့၊ ပံ့ပိုးပေးတဲ့ တစ်စုံတစ်ယောက်နဲ့ ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးဘူး။ သူက ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်း၊ Prince Charming လေးပါပဲ” လို့ ပဲရစ်က ဖြေကြားခဲ့ပါတယ်။

Ref: AsiaOne “Paris Hilton will broadcast her wedding on TV”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top