မက်ဆီနဲ့ နှိုင်းယှဉ်နိုင်တဲ့ကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာကရပ်တည်နေတဲ့ ဟာဇက်

60664319_2388554917842081_8199603248265428992_n.jpg

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီနဲ့ နှိုင်းယှဉ်နိုင်တဲ့ ကစားသမားစာရင်းမှာ ချဲလ်ဆီးကွင်းလယ်ဖန်တီးရှင် ဟာဇက်က ထိပ်ဆုံးနေရာကရပ်တည်နိုင်ခဲ့ပါတယ်။ ရီးရဲလ်ကို ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေတဲ့ ဟာဇက်ဟာ မက်ဆီနဲ့ (၉၂) ရာခိုင်နှုန်းအထိ တူညီနေပါတယ်။

အားကစားအချက်အလက် သုံးသပ်ရေးကုမ္ပဏီ Driblab ကဘောလုံးအသင်း (၂၃၀၀) ရဲ့ ကစားသမား (၇၁၆၀၀) ကို လေ့လာခဲ့ပါတယ်။ သူတို့ရဲ့လေ့လာမှုကတော့ ကစားကွက်မှာပါဝင်မှု၊ ကန်ချက်/ဂိုးရရှိမှု အချိုးအစား၊ တစ်ပွဲပျမ်းမျှသွင်းဂိုး၊ ကန်ချက်အရေအတွက်၊ ပြိုင်ဘက်ဂိုးဧရိယာထဲက ကန်ချက်အရေအတွက်၊ တစ်ပွဲပျမ်းမျှ ဂိုးဖန်တီးမှု၊ အရေးပါတဲ့ ဘောလုံးပေးပို့မှု၊ ဘောလုံးဆုံးရှုံးမှုအကြိမ်ရေ၊ တိုက်စစ်ဆင်မှု၊ ထိရောက်တဲ့ကန်ချက် စတဲ့ စွမ်းဆောင်မှု (၁၂) ခုကို နှိုင်းယှဉ်သုံးသပ်ခဲ့ပါတယ်။

အဲဒီစွမ်းဆောင်မှု (၁၂) ခုအနက် စွမ်းဆောင်မှု (၃) ခုမှာ ဟာဇက်က မက်ဆီထက် ပိုကောင်းခဲ့ပါတယ်။ အဲဒါကတော့ ဘောလုံးဆုံးရှုံးမှုနည်းပါးတာ၊ တိုက်စစ်ဆင်နိုင်တာနဲ့ အလိမ်အခေါက်အောင်မြင်မှု စတဲ့ စွမ်းဆောင်မှုတွေဖြစ်ပါတယ်။ မက်ဆီနဲ့ အနီးစပ်ဆုံး နှိုင်းယှဉ်နိုင်တဲ့ကစားသမားစာရင်းမှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက ဒုတိယနေရာ ရပ်တည်နေပြီး အဂွေရိုက တတိယနေရာမှာရပ်တည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top