COVID-19 ကူးစက်ပျံ့နှံ့နေချိန်မှာ အာဆင်နယ်ကစားသမားတွေ လစာလျှော့ယူဖို့ ငြင်းဆန်

15-4-2020-yyl-007.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကြုံတွေ့နေချိန်မှာ လုပ်ခလစာလျှော့ယူပေးဖို့ တောင်းဆိုတဲ့ အာဆင်နယ်အသင်းရဲ့ အခုနောက်ဆုံး တောင်းဆိုချက်ကို ကစားသမားတွေက ပယ်ချခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဘောလုံးပွဲတွေကို ဆိုင်းငံ့ထားရတဲ့ကာလအတွင်း အာဆင်နယ်အသင်းရဲ့ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချစေနိုင်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်(၂)ပတ်အတွင်း ကလပ်အသင်း အမှုဆောင်အရာရှိတွေနဲ့ ကစားသမားတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီရာသီကို ဆုံးခန်းတိုင်အောင် မယှဉ်ပြိုင်ဖြစ်ရင် ဒါမှမဟုတ် ကွင်းပိတ်ကစားရရင် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေ စိုးရိမ်စရာဖြစ်လာလိမ့်မယ်လို့ အာဆင်နယ်အသင်းက ကစားသမားတွေကို ပြောခဲ့ပြီး ကစားသမားတွေဘက်က လုပ်ခလစာ ၁၂.၅ ရာခိုင်နှုန်း လျှော့ယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဘက်ပေါင်းစုံကနေ ဆွေးနွေးခဲ့ပေမဲ့ သဘောတူညီမှုမရခဲ့ပါဘူး။ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရရင် ကစားသမားတွေကို လုပ်ခလစာ အပြည့်အဝပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက် ထည့်သွင်းကမ်းလှမ်းခဲ့ပေမဲ့ ကစားသမားတွေက လက်မခံခဲ့ပါဘူး။ ဘောလုံးသမားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေချိန်အတွင်း လုပ်ခလစာ လျှော့ယူပေးဖို့ ကမ်းလှမ်းမှုတွေကို လက်မခံကြဖို့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖွဲ့အစည်းက တိုက်တွန်းထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top