ဗစ်တိုးရီးယားအမှု သက်သေခံ အချက်အလက် အသစ်များလိုအပ်နေ

24-6-2020-yyl-013.jpg

ဗစ်တိုးရီးယားအမှုမှာ တရားခံအစစ်ပေါ်ပေါက်ရေးကို စုံစမ်းနိုင်ဖို့ သက်သေခံအချက်အလက် အသစ်တွေ လိုအပ်နေတယ်လို့ အစိုးရရဲ့စတုတ္ထတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချူပ် (၁) ရဲဗိုလ်ချူပ်မျိုးဆွေဝင်းက ပြောပါတယ်။

‘‘ဒီအမှုနဲ့ပတ်သက်ပြီး သက်သေခံ အချက်အလက်အသစ်တွေ ထပ်မံရရှိလာရင် ဒီအမှုကို ဆက်လက်စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ရဲတပ်ဖွဲ့က တရားစွဲအဖွဲ့အစည်းဖြစ်တဲ့အတွက် စစ်ဆေးရရှိတဲ့ သက်သေခံအထောက်အထားတွေအပေါ်မှာ မူတည်ပြီး အမှုတည်ဆောက်ပြီး တရားစွဲတာဖြစ်ပါတယ်’’ လို့ သူကရှင်းပြပါတယ်။

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် (၃) နှစ်အရွယ် ကျောင်းသူလေး ဗစ်တိုးရီးယားဟာ ၂၀၁၉ ခုနှစ်အတွင်း လိင်မတရားပြုကျင့်ခံခဲ့ရတာပါ။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top