အေစီမီလန်ကနေ ထွက်ခွာဖို့ ရှိနေတဲ့ မိုဗစ်

1-4-2020-yyl-031.jpg

အေစီမီလန်အသင်း ထိပ်တန်းအရာရှိနေရာ အပြောင်းအလဲဖြစ်ခဲ့လို့ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က အေစီမီလန်ကနေ ထွက်ခွာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အေစီမီလန်အသင်းက ဘောလုံးဆိုင်ရာ အရာရှိချုပ် ဇိုနီမာဘိုဘန်ကို ထုတ်ပယ်လိုက်တဲ့အတွက် မိုဗစ်က မကျေမနပ်ဖြစ်နေပါတယ်။

မိုဗစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အသွားအလာတွေ ပိတ်ဆို့ထားလို့ သူ့ရဲ့မွေးရပ်မြေ ဆွီဒင်နိုင်ငံမှာရှိနေပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အေစီမီလန်အသင်းက မိုဗစ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီလိုခေါ်ယူရာမှာ ဘိုဘန်က အဓိက အရေးပါခဲ့ပါတယ်။ မိုဗစ်ဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၂ ကြားကာလအတွင်းကလည်း အေစီမီလန်အသင်းမှာ ကစားခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply