မူးယစ်ဆေးဝါးတွေ အနံ့ခံရှာဖွေဖို့ အထူးလေ့ကျင့်ထားတဲ့ ရှဉ့်တွေကို တရုတ်ရဲတပ်ဖွဲ့ အသုံးပြုမယ်

13.2.2023-yyl-image-6.jpg

အနံ့ခံခွေးတွေဟာ မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့တွေရဲ့ လက်စွဲဖြစ်ခဲ့ပေမဲ့ တရုတ်ရဲတပ်ဖွဲ့ကတော့ အဲဒီအစဉ်အလာကို ပြောင်းလဲခဲ့ပါတယ်။ ချုံကင်းမြို့ ဟီချွန်းခရိုင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတွေ အနံ့ခံရှာဖွေဖို့ အထူးလေ့ကျင့်ထားတဲ့ ရှဉ့်တွေကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။

ရှဉ့်တွေ အနံ့ခံကောင်းတာကို သိပ္ပံပညာရှင်တွေ သိတာ ကြာပြီဖြစ်ပေမဲ့ သူတို့ကို လေ့ကျင့်ပေးနိုင်မယ့် အဆင့်မြင့်နည်းလမ်းတွေကိုတော့ အခုနောက်ပိုင်းမှ တွေ့ရှိခဲ့ကြတာပါ။ ဟီချွန်းခရိုင် ရဲခွေးအဖွဲ့က ပထမဆုံးအသုတ်အဖြစ် မူးယစ်ဆေးဝါး အနံ့ခံရှဉ့် ၆ ကောင်ကို သားဖောက်၊ လေ့ကျင့်ပေးနိုင်ခဲ့ပြီး မကြာခင် တာဝန်ထမ်းဆောင်စေတော့မှာပါ။

ရှဉ့်တွေက မူးယစ်ဆေးဝါးအနံ့ရရင် အဲဒီနေရာကို ကုပ်ခြစ်မှာပါ။ ရှဉ့်တွေဟာ မူးယစ်ဆေးဝါးအနံ့ခံ ရှာဖွေတဲ့နေရာမှာ ခွေးတွေနီးပါး စွမ်းဆောင်နိုင်သလို ခွေးတွေမတတ်နိုင်တဲ့ အမြင့်နေရာတွေကိုလည်း တက်ရောက်နိုင်စွမ်း ရှိလို့ ပိုအားသာတယ်လို့ ဆိုပါတယ်။

Ref: Move Over Sniffer Dogs, Drug-Detecting Squirrels Are Here

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply