နှစ်ပေါင်းများစွာကြာ မွေးရပ်မြေမပြန်နိုင်ခဲ့တဲ့ ကျောင်းလုံခြုံရေးဝန်ထမ်းကို ကျောင်းသား/သူတွေက အံ့အားသင့်စရာ ကူညီပေးခဲ့

22.3.24-yyl-၃.jpg

ဂျိမ်းစ်က ပရိုဗီဒန့်ကောလိပ်မှာ လုံခြုံရေးအဖြစ် အလုပ် လုပ်လာတာ နှစ်တော်တော်ကြာပါပြီ။ သူက နိုင်ဂျီးရီးယားနိုင်ငံသား။ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလာရင်း ရော့ဒ်ကျွန်းပေါ်က ပရိုဗီဒန့်ကောလိပ်မှာ အလုပ်ရခဲ့တာပါ။ တစ်ပတ်ကို ညဆိုင်း ၄ ချိန် တာဝန်ကျတယ်။ ဂျိမ်းစ်က အမြဲတမ်းပြုံးနေတတ်သူ၊ ကျောင်းသား/သူ အားလုံးနဲ့လည်း ခင်မင်ရင်းနှီးတယ်။

တစ်ရက်ကျတော့ ကျောင်းသားတစ်ယောက်နဲ့ စကားလက်ဆုံကျရင်း ဂျိမ်းစ်က မိသားစုနဲ့ မဆုံဖြစ်တာ ၅ နှစ်ကြာတဲ့အကြောင်း ပြောပြမိတယ်။ မွေးရပ်မြေကို သူ ပြန်မရောက်တာ ၅ နှစ်ရှိပြီ။ ဂျိမ်းစ်ပြောတာ နားထောင်ပြီး စိတ်မကောင်းဖြစ်သွားတဲ့ ကျောင်းသား ဘရန်ဒန်ရိုင်းချက်က သူ့သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး ဂျိမ်းစ်အတွက် GoFundMe ပေ့ချ်တစ်ခု ထောင်တယ်။

ဂျိမ်းစ်ရဲ့ အိမ်အပြန်ခရီးစရိတ်ရဖို့ သူတို့လျှို့ဝှက်စီစဉ်ခဲ့ကြတာပါ။ ဂျိမ်းစ်ရဲ့ အသွားအပြန် ခရီးစရိတ်၊ စားစရိတ်နဲ့ သုံးဖို့စွဲဖို့ ငွေရရေးပေါ့။ ဂျိမ်းစ်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကျော် ရတယ်။ လေယာဉ်လက်မှတ်ဝယ်ပြီး ဂျိမ်းစ်ကို သွားပေးတော့ ဝမ်းသာပြီး မျက်ရည်တောင် ကျတယ်။ ထိုင်ခုံမှာ ထိုင်နေရာကနေ ကြမ်းပြင်ပေါ် ဒူးထောက်လဲကျသွားတဲ့အထိ ဂျိမ်းစ်က ဝမ်းသာပီတိ ဖြစ်ခဲ့တယ်။

ပရိုဗီဒန့်ကောလိပ်မှ ကျောင်းသား/သူအတွက် လုံခြုံရေးတာဝန်ယူပေးခဲ့တဲ့ ဂျိမ်းစ်ဟာ သူတို့အတွက် မိသားစုဝင်တစ်ယောက်ပါပဲလို့ ဘရိုင်ဒန်ရိုင်းချက်က ဆိုပါတယ်။

Ref:Students Surprise Nigerian Security Guard Who’s ‘Part of the Family’ with a Trip Home–Raising $30K

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top