အိန္ဒိယကို ဒေါ်နယ်ထရမ့် ရောက်မလာခင် နာရီပိုင်းအလို ဆန္ဒပြပွဲမှာ လူ ၃ ယောက် သေဆုံး

25feb202002.jpg

အိန္ဒိယနိုင်ငံကို ဒေါ်နယ်ထရမ့် ရောက်မလာခင် နာရီပိုင်းအလိုမှာ အိန္ဒိယနိုင်ငံရဲ့ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်နဲ့ပတ်သက်ပြီး နယူးဒေလီမြို့မှာ ဆန္ဒပြပွဲမှာ လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ နိုင်ငံသားဥပဒေသစ်ကို အတည်ပြုခဲ့ပြီးနောက်ပိုင်း ဆန္ဒပြမှုကြောင့် နယူးဒေလီမြို့မှာ တစ်ရက်အတွင်း လူအများဆုံး သေဆုံးမှုဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်နဲ့ မွတ်စလင်အမျိုးသား ၂ ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဆူပူအုံကြွဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက် ပထမဆုံး သေဆုံးမှုဖြစ်ပါတယ်။ အဲဒီဥပဒေကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ကားတွေကို မီးရှို့ခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ အဲဒီဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီဥပဒေက အိန္ဒိယနိုင်ငံရဲ့ အစ္စလာမ်ဘာသာဝင် သန်း ၂၀၀ ကို ပစ်မှတ်ထားရာရောက်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က အိန္ဒိယနိုင်ငံကို ပထမဆုံး တရားဝင်ခရီးစဉ် ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ဇနီးသည် မီလာနီယာနဲ့အတူ တက်ဂျ်မဟာဂူဗိမာန်ကို သွားရောက်ခဲ့ပါတယ်။ တနင်္လာနေ့က အစောပိုင်းက အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီရဲ့ မွေးရပ်မြေဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ်မှာ အရောင်အသွေးစုံလင်တဲ့ ဧည့်ခံကြိုဆိုပွဲ ကျင်းပခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top