ယူကရိန်းဒုက္ခသည်ကလေးငယ်တွေအတွက် ရုရှားဂျာနယ်လစ်ရဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆု လေလံတင်ရောင်းချမှု စံချိန်တင်ဈေးနှုန်း ရရှိ

21-6-2022-yyl04.jpg

ယူကရိန်း ဒုက္ခသည်ကလေးငယ်တွေအတွက် ရန်ပုံငွေ တိုးမြှင့်ရရှိဖို့ ရုရှားဂျာနယ်လစ် ဒီမစ်ထရီမူရာတော့ဗ်က သူ့ရဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုကို လေလံတင်ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၁၀၃.၅ သန်း ရရှိခဲ့ပြီး နိုဗယ်ဆုတံဆိပ်တစ်ခုအတွက် အများဆုံးဈေးနှုန်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

လေလံပွဲက ရရှိလာတဲ့ ငွေအားလုံးကို ရုရှားကျူးကျော်စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ယူကရိန်းကလေးငယ်တွေကို ကူညီပေးဖို့ Unicef ထံ တိုက်ရိုက်လှူဒါန်းသွားမှာလို့ မူရာတော့ဗ်က ဆိုပါတယ်။ ၂၃ ကာရက် ရွှေဒင်္ဂါးပြားကို အရည်ဖျော်လိုက်မယ်ဆိုရင် ရွှေသား ၁၇၅ ဂရမ် ပါဝင်ပြီး ရွှေသားတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀၀၀၀ ပဲ ရှိပါတယ်။

မူရာတော့ဗ်ရဲ့ ရွှေဒင်္ဂါးပြားကို အမည်မဖော်လိုသူတစ်ယောက်က ဖုန်းဆက်ပြီး လေလံဆွဲခဲ့တာပါ။ ရုရှားဂျာနယ်လစ် မူရာတော့ဗ်ဟာ ရုရှားသတင်းစာ(Novaya Gazeta)ကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး သတင်းစာရဲ့အယ်ဒီတာချုပ် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာနဲ့အတူ ငြိမ်းချမ်းရေးနိုဗယ်ဆု ဆွတ်ခူးခဲ့တာပါ။

Ref: Guardian ” Nobel peace prize auctioned by Russian journalist Dmitry Muratov fetches record $103.5m”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top