ခရူဂျာဥယျာဉ်ကို ဧည့်သည်တွေ မလာလို့ ခြင်္သေ့အုပ်စုလိုက် လမ်းပေါ်တက်အိပ်နေ

02intl.jpg

တောင်အာဖရိကနိုင်ငံရဲ့ ခရူဂျာအမျိုးသားဥယျာဉ်ဟာ သားရဲတိရစ္ဆာန်တွေ စုံလင်လို့ ပုံမှန်အားဖြင့် ဧည့်သည်တွေနဲ့ စည်ကားနေလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာ ကန့်သတ်ထားရချိန်မှာ ခရူဂျာအမျိုးသားဥယျာဉ် ကိုလည်း မတ်လ ၂၅ ရက်ကတည်းက ပိတ်ထားရပါတယ်။ ခြင်္သေ့တစ်အုပ်ကတော့ ဧည့်သည်တွေ မလာတာကို အခွင့်ကောင်းယူပြီး လမ်းပေါ်မှာ တစ်ရေးတစ်မော အိပ်စက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ခရူဂျာအမျိုးသားဥယျာဉ်ရဲ့ လုံခြုံရေး အစောင့်အကြပ် ရစ်ချက်ဆိုးရီက ကင်းလှည့်နေရင်း လမ်းပေါ်မှာ အိပ်နေကြတဲ့ ခြင်္သေ့အုပ်စုကို တွေ့ခဲ့တာပါ။ အရင်ကတော့ ဒီလမ်းဟာ ခရီးသည်တွေနဲ့ စည်ကားနေလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ခြင်္သေ့တွေဟာ ဆောင်းရာသီရဲ့ အလွန်ချမ်းအေးတဲ့ ညတွေမှပဲ အပူဓာတ်ရှိတဲ့ ကတ္တရာလမ်းတွေပေါ် တက်အိပ်လေ့ရှိတာပါ။ အိပ်ပျော်နေတဲ့ ခြင်္သေ့အုပ်ထဲတွင် အသက်အကြီးဆုံးခြင်္သေ့မကတော့ ၁၄ နှစ်အရွယ်ရှိပါပြီ။ ဒါဟာ ခြင်္သေ့မတစ်ကောင်အတွက် တော်တော်အိုမင်းတဲ့အရွယ်ပဲလို့ ရစ်ချက်ဆိုးရီက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top