၁၅ နှစ်တာကာလအတွင်း ကန်ဒေါ်လာ ၂၇၁၉၂၁၀ ကိုလျှို့ဝှက်ပြီးလှူဒါန်းခဲ့တဲ့ မင်းသမီး ရှင်မင်အာ

Image_20260916_170747_779.jpeg

ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချော ရှင်မင်အာဟာ အနုပညာလောကမှာ တောက်ပနေတဲ့ သရုပ်ဆောင်ကောင်းဖြစ်ရုံသာမက အခြားသူတွေကို အလင်းရောင်ပေးစွမ်းနေတဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့မွန်မြတ်တဲ့စိတ်ထားကို မကြာသေးခင်ကမှ လူမှုကွန်ယက်အသိုင်းအဝိုင်းတွေကတဆင့် လူအများက ထပ်မံသတိပြုမိလာပါတယ်။

“The Money Quietly Leaving Shin Min Ah’s Bank Account for 15 years” (၁၅ နှစ်တာကာလအတွင်း ရှင်မင်အာရဲ့ဘဏ်အကောင့်ကနေ တိတ်တဆိတ်ထွက်လာတဲ့ ငွေကြေး) ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီပို့စ်မှာ “၂၀၀၉ ခုနှစ်ကစပြီး များပြားလာတဲ့ပိုက်ဆံတွေက လတိုင်း ဝင်ရောက်လာခဲ့ပါတယ်။ အစကတော့ တစ်ယောက်ယောက်မှားလွှဲနေခဲ့တာလို့ တွေးခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှင်မင်အာဆီကဆိုတာ သိလိုက်ရပါတယ်။ သူ့ရဲ့သရုပ်မှန်ကို ထုတ်မပြောဖို့ ကျွန်တော်တို့ကို တောင်းဆိုခဲ့ပြီး ငွေတွေကို မီးလောင်ဒဏ်ရာရရှိသူတွေရဲ့ ဆေးကုစရိတ်နဲ့ ဝင်ငွေနည်းပါးတဲ့ မိသားစုက ကလေးတွေအတွက် စာသင်ကြားမှုအတွက် ထောက်ပံ့ရာမှာ အသုံးပြုဖို့ တောင်းဆိုခဲ့တာပါ”လို့ ရေးသားထားပါတယ်။

၁၅ နှစ်တာကာလအတွင်း ရှင်မင်အာ တိတ်တဆိတ်လှူဒါန်းခဲ့တဲ့ ငွေပမာဏက စုစုပေါင်း ဝမ် ၃.၇ ဘီလျံ(ကန်ဒေါ်လာ ၂၇၁၉၂၁၀) ရှိနေပါပြီ။ ဒီအလှူငွေပမာဏကို အတည်ပြုထားပြီဖြစ်ပါတယ်။ ရှင်မင်အာနဲ့ သူ့ခင်ပွန်း ကင်ဝူဘင်းတို့က အခက်ခဲရှိသူတွေအတွက် ပရဟိတလုပ်ငန်းတွေမှာ စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်နေတာပါ။ သူတို့နှစ်ဦးက ကိုရီးယားအနုပညာလောကမှာ ကောင်းမှုကုသိုလ်၊ ပရဟိတတွေကို ဆက်တိုက်လုပ်ဆောင်လေ့ရှိတဲ့စုံတွဲအဖြစ် ရပ်တည်နေပါတယ်။

Ref: Shin Min Ah’s Hidden Good Deeds: 4 Billion Won Donated Over 15 Years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top