ဂရစ်ဇ်မန်းကို ပေါင် (၇၁၇) သန်းတန် လျော်ကြေးစာချုပ်ချုပ်ဆိုခဲ့တဲ့ဘာစီလိုနာ

67462394_2483412161689689_6394842807776837632_n.jpg

အက်သလက်တီကိုအသင်းကနေပြောင်းရွှေ့လာတဲ့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ် (၁၇) ဂျာစီကို ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပေါင် (၁၀၈) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး (၅) နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီစာချုပ်မှာ ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းအတွက် ပေါင် (၇၁၇) သန်းလျော်ကြေးပေးမှ အသင်းပြောင်းခွင့်ပေးမယ်လို့ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ ဘာစီလိုနာဟာ ဂရစ်ဇ်မန်းကိုခေါ်ယူဖို့အတွက် ပေါင် (၃၁) သန်းကျော်ငွေချေးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အဲဒီသတင်းတွေအရဆိုရင်တော့ ဘာစီလိုနာက နေမာကိုပြန်လည်ခေါ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။ ဂရစ်ဇ်မန်းကတော့ ဘာစီလိုနာအသင်းနဲ့အတူ ကစားသမားဘဝရဲ့ ပထမဆုံးချန်ပီယံလိဂ်ဖလားဆွတ်ခူးချင်တယ်လို့ ထုတ်ပြောထားပါတယ်။ ဂရစ်ဇ်မန်းမတိုင်ခင်က ပက်ဒရို၊ ဗန်ဘွန်မဲလ်၊ ပီတစ်၊ မူရီလို (မနှစ်တုန်းက ဗလင်စီယာကနေ အငှားလာရောက်ကစား) တို့က ဘာစီလိုနာအသင်းမှာ ကျောနံပါတ် (၁၇) ဂျာစီ ဝတ်ဆင်ကစားခဲ့ဖူးပါတယ်။ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကိုခေါ်ယူဖို့ ပြီးခဲ့တဲ့ရာသီကတည်းက သဘောတူညီမှုရယူခဲ့တာလို့ အက်သလက်တီကိုအသင်းကစွပ်စွဲထားပြီး တရားစွဲမယ်လို့ခြိမ်းခြောက်ထားပါတယ်။ အဲဒီအချိန်တုန်းက ဂရစ်ဇ်မန်းရဲ့စာချုပ်ပါ လျှော်ကြေးက ယူရိုသန်း (၈၀) ထက်ပိုများပါတယ်။ ဂရစ်ဇ်မန်းဟာ ၂၀၁၄ ခုနှစ်မှာ ဆိုစီဒက်ကနေ အက်သလက်တီကိုကို ပြောင်းရွှေ့လာခဲ့ပြီး (၂၅၇)ပွဲ ကစားချိန်မှာ (၁၃၃) ဂိုးသွင်းယူနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top