ဘာစီလိုနာနဲ့ (၅) နှစ်စာချုပ်ချုပ်ဆိုဖို့ နေမာ သဘောတူညီ

65241032_2447714755259430_5472681490733072384_n.jpg

ဘာစီလိုနာအသင်းရဲ့ (၅) နှစ်စာချုပ် ကမ်းလှမ်းမှုကို ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက သဘောတူလိုက်ပြီလို့ Sport သတင်းဌာနက ဖော်ပြပါတယ်။ နေမာက ဘာစီလိုနာကိုပြန်ပြောင်းလာဖို့ စိတ်အားထက်သန်နေချိန်မှာ ကစားသမားနဲ့ အသင်းကြား သုတ်ခြေတင်ဆွေးနွေးမှုလုပ်ခဲ့ပြီး ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူရဲ့ ကမ်းလှမ်းမှုကို နေမာက လက်ခံခဲ့တာလို့ဆိုပါတယ်။

နေမာဟာ ဘာစီလိုနာကိုပြန်ပြောင်းလာရင် ပီအက်စ်ဂျီမှာရနေတဲ့လုပ်ခလစာရဲ့ တစ်ဝက်ပဲရမှာဖြစ်ပေမဲ့ အသင်းဟောင်းကို ပြန်ပြောင်းဖို့ဆန္ဒပြင်းပြနေပါတယ်။ နေမာဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ပီအက်စ်ဂျီအသင်းမှာကစားတဲ့ကာလအတွင်း ဒဏ်ရာပြဿနာတွေကြုံခဲ့ရသလို အမ်ဘာပေ၊ ကာဗာနီတို့နဲ့ ပြဿနာဖြစ်ခဲ့လို့ သူ့ရဲ့ ပီအက်စ်ဂျီကစားသမားဘဝက မချောမွေ့ခဲ့ပါဘူး။ နေမာသာပြန်ပြောင်းလာမယ်ဆိုရင် ဘာစီလိုနာအသင်းကစားသမားတွေက ကြိုဆိုမှာဖြစ်ပေမဲ့ ပီအက်စ်ဂျီကလက်ခံမှ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်မှာဖြစ်ပြီး ပြောင်းရွှေ့ကြေး အများအပြားပေးချေရဖို့ရှိပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top