ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းနဲ့ မိသားစုဝင်တွေအနားယူနေတဲ့ရွက်လှေ မီးလောင်

65544653_2447715385259367_6701233847549296640_n.jpg

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဝလာဒီမာကလစ်ချ်ကိုနဲ့ မိသားစုတွေအနားယူနေတဲ့ ဇိမ်ခံရွက်လှေ မီးလောင်ခဲ့ပေမဲ့ သူတို့မိသားစုကိုကယ်တင်နိုင်ခဲ့ပါတယ်။ မာယော့ကာကမ်းခြေရဲ့ ကမ်းလွန်ဘက်မှာ ရပ်နားထားတဲ့ဇိမ်ခံရွက်လှေဟာ တနင်္လာနေ့ နံနက်အစောပိုင်းအချိန်က အင်ဂျင်ခန်းကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အက်ဒရီယာနိုဆိပ်ကမ်းရဲ့တောင်ဘက် (၉) မိုင်အကွာကို မျောပါသွားခဲ့ပါတယ်။ ယူကရိန်းလက်ဝှေ့သမားဟောင်း ဝလာဒီမာကလစ်ချ်ကိုနဲ့ မိသားစုတွေဟာ အိုင်ဘီဇာကမ်းခြေကနေ ပယ်လ်မာမြို့ကို ရွက်လှေနဲ့ ပြန်လာခဲ့ကြတာပါ။

ရွက်လှေမီးလောင်ချိန်မှာ မာယော့ကာကျွန်းမီးသတ်တပ်ဖွဲ့က ဝလာဒီမာကလစ်ချ်ကိုနဲ့ မိသားစုဝင်တွေကို ဘေးကင်းလုံခြုံရာနေရာရွှေ့ပြောင်းပေးခဲ့ပြီး မီးငြှိမ်းသတ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်မှာ ဝလာဒီမာကလစ်ချ်ကိုနဲ့ မိသားစုဝင်တွေ၊ ရွက်လှေအမှုထမ်းတွေအားလုံး ဘေးမသီရန်မခခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top