ဇနီးဖြစ်သူ ဗစ်တိုးရီးယားက ၂၅ နှစ်လုံး အစားအစာ တစ်မျိုးတည်းကိုပဲ စားလာခဲ့တယ်ဆိုတဲ့ ဘက်ခမ်း

30.1.2021yyl26.jpg

ဇနီးဖြစ်သူ ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းဟာ နေ့တိုင်း အစားအစာတစ်မျိုးတည်းကို စားလာခဲ့တာ ၂၅ နှစ်ရှိပြီဖြစ်တယ်လို့ အကျော်အမော ဘောလုံးသမားဟောင်း ဘက်ခမ်း (David Beckham) ရဲ့ပြောစကားအရ သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် ဗစ်တိုးရီးယားက ငါးနဲ့ ဟင်းသီးဟင်းရွက်အစားအစာတွေကို နေ့တိုင်း စားလေ့ရှိပြီး အခြားအစားအစာတွေကို ပြောင်းစားတာ ရှားပါတယ်။ “ကံမကောင်းစွာနဲ့ပဲ လွန်ခဲ့တဲ့ ၂၅ နှစ်လုံး အစားအစာတစ်မျိုးတည်းစားခဲ့ဖူးသူနဲ့ ကျွန်တော် အိမ်ထောင်ပြုခဲ့တယ်။ သူနဲ့ ကျွန်တော် စတွေ့ကတည်းက ငါးကင်၊ ရေနွေးငွေ့နဲ့အပူပေးထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ စားပါတယ်။ အဲဒီအစားအစာကလွှဲပြီး အခြားအရာတွေ စားတာရှားပါတယ်”လို့ ဘက်ခမ်းက ဆိုပါတယ်။

ဇနီးဖြစ်သူဟာ ဟာပါး (Harper) ကို ကိုယ်ဝန်လွယ်ထားစဥ်က အစားအစာတစ်မျိုးတည်းစားလေ့ရှိတဲ့ သူ့ရဲ့အကျင့်ကို တစ်ကြိမ်တော့ ချိုးဖျက်ခဲ့ဖူးတယ်လို့ ဘက်ခမ်းက ပြောပါတယ်။ “ဟာပါးကိုယ်ဝန်လွယ်ထားတုန်းက ကျွန်တော့်ပန်းကန်ထဲက အစားအစာကို မျှစားခဲ့တယ်။ ဒါက အံ့ဩစရာအကောင်းဆုံးပါပဲ။ အဲဒါက ကျွန်တော့်အကြိုက်ဆုံးညနေခင်းတွေထဲကတစ်ခုပါ။ ဘာလဲဆိုတာတော့ ကျွန်တော်မမှတ်မိဘူး။ ဒါပေမဲ့ အဲဒီတစ်ခါစားပြီးကတည်းက မစားတော့တာကို တော့ ကျွန်တော်မှတ်မိတယ်”လို့ ဘက်ခမ်းက ဆိုပါတယ်။

မကြာသေးခင်ကမှ သူ စားချင်တာစားလို့ရတဲ့အတွက် အိမ်မှာ သူ တစ်ယောက်တည်း တိတ်တဆိတ်ရှိနေရတာ ကြိုက်တယ်ဆိုတာကိုလည်း ဘက်ခမ်းက ထုတ်ပြောပြခဲ့ပါတယ်။ “မကြာသေးခင်က ကျွန်တော် အီတလီက ပြန်ရောက်လာပြီး ၅ ရက်လောက် တစ်ယောက်တည်း သီးသန့်နေခဲ့ရပါတယ်။ နောက်ဆုံးရက်မှာ ဗစ်တိုရီးယားရဲ့မိဘတွေက ပါတီတစ်ခုကျင်းပခဲ့တယ်။ ကျွန်တော် လိုက်လို့မရခဲ့ဘူး။ ဒါကြောင့် အိမ်မှာ ဘယ်သူမှမရှိဘူး။ ကျွန်တော် တစ်ယောက်တည်းပဲ။ အဲဒီလို့နေရတာ ကျွန်တော် ကြိုက်နှစ်သက်ခဲ့တယ်”လို့ ဘက်ခမ်းက ဖွင့်ဟခဲ့ပါတယ်။

ဘက်ခမ်းက တစ်ယောက်တည်းရှိနေချိန်မှာ အကောင်းဆုံးအသား ၂ တုံးကိုလှီးပြီး အမိုက်စားဝိုင်နီတစ်ခွက်ကို ထည့်ကာ ကိုယ့်ကိုယ်ကို တည်ခင်းပြုစုခဲ့တယ်။ ဘောလုံးပွဲလာတာကို စောင့်ဆိုင်းရင်း အသားတွေကင်ပြီး ပြင်ဆင်ထားခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: AsiaOne “David Beckham: My wife has eaten the same thing every day for 25 years”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top