မြန်မာနိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီတွေကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်

46771514_2214651448598815_480197495679352832_n.jpg

မြန်မာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်စေနိုင်ဖို့အတွက် နိုင်ငံခြားကုမ္ပဏီတွေကို လက်လီနဲ့ လက်ကားဈေးကွက်မှာ ၁၀၀ ရာခိုင်နှုန်း လုပ်ကိုင်ခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဈေးကွက်ယှဉ်ပြိုင်မှုတိုးတက်စေဖို့နဲ့ ဈေးနှုန်းတည်ငြိမ်မှုတို့အပြင် နည်းပညာအပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့ ရည်ရွယ်တာလို့ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ စတင်လိုက်တာဖြစ်ပေမဲ့ ကန့်သတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

နိုင်ငံခြားသားပိုင်ကုမ္ပဏီတွေအနေနဲ့ လက်လီဈေးကွက်မှာလုပ်ကိုင်မယ်ဆို ရှယ်ယာ ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်ဖို့ အနည်းဆုံး ဒေါ်လာ ၇ သိန်း ရင်းနှီးမြုပ်နှံရမှာ ဖြစ်ပေမဲ့ ၈၀ ရာနှုန်းအထက်ပိုပြီး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ဒေါ်လာ ၃ သန်းဖိုးအထိ ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၀၀ ရာနှုန်းပိုင်ဆိုင်ဖို့ ဖွင့်ပေးလိုက်ပေမဲ့ နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးထားပြီး နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခက်အခဲရှိစေပါတယ်။ အကျယ်အဝန်း စတုန်ရန်းမီတာ ၉၂၉ အောက်ရှိတဲ့ လက်လီအရောင်းဆိုင် (Convenience Store) တွေနဲ့ လက်လီစတိုးဆိုင် (Minimarket) တွေကို လုပ်ကိုင်ခွင့်ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လက်ကားလုပ်ကိုင်မယ်ဆိုရင်လည်း ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ဖို့ အနည်းဆုံး ဒေါ်လာ ၂ သန်းဖိုး လုပ်ကိုင်ရမှာ ဖြစ်ပေမဲ့ ဒီထက်ပိုပြီး ပိုင်ဆိုင်ချင်တယ်ဆို အနည်းဆုံး ဒေါ်လာ ၅ သန်းဖိုးနဲ့အထက် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂျပန်အခြေစိုက်ဖြစ်တဲ့ Aeon ကုမ္ပဏီက လက်လီဈေးကွက်ကို ဝင်ရောက်ခဲ့ပြီး ပြည်တွင်းက နိုင်ငံသားလုပ်ငန်းရှင်နဲ့ဖက်စပ်ပိုင်ဆိုင်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ ပြည်တွင်းနိုင်ငံသားပိုင် လက်လီနဲ့လက်ကားလုပ်ကိုင်မှုတွေကို တင်းကျပ်စွာ ကာကွယ်ပေးလေ့ရှိတဲ့ မြန်မာနိုင်ငံအတွက်တော့ ဒါဟာ ပုံမှန်မဟုတ်တဲ့ ဖြေလျော့မှုတစ်ခုပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ နှေးကွေးနေပြီး အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံနေကြတဲ့ ဘင်္ဂလီအခြေအနေတွေကြောင့် အမေရိကန်နဲ့ ဥရောပစီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ခက်ခဲနေတာက အကြောင်းအရင်းတစ်ခု ဖြစ်လို့နေပါတယ်။ မတ်လက ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ နောက်ဆုံး ၁၂ လအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတန်ဖိုးဟာ ဒေါ်လာ ၅.၇ ဘီလီယံ အထိ ရှိတယ်လို့ ဆိုပါတယ်။

(မူရင်းသတင်း၏အာဘော်အတိုင်း ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Ref: Nikkei Asian Review “Myanmar allows full foreign ownership in retail and wholesale”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top