OPPO က ဖုန်းဓာတ်ပုံဝါသနာရှင်တွေအတွက် #BeyondThePortrait_Season2 ဓာတ်ပုံပြိုင်ပွဲ ကျင်းပ

1.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ OPPO က #BeyondthePortrait_Season2 အမည်ရတဲ့ ဖုန်းဓာတ်ပုံပြိုင်ပွဲကို ဒုတိယအကြိမ် ထပ်မံကျင်းပလိုက်ပါပြီ။ အဲဒီပြိုင်ပွဲကို မည်သူမဆို၊ မည်သည့်ဖုန်းနှင့်မဆို ရိုက်ကူးထားတဲ့ မိမိဓာတ်ပုံတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး OPPOရဲ့ နောက်ဆုံးထွက် OPPO Reno3 Pro , OPPO Reno3 , OPPO Enco Free နားကြပ်နဲ့ အခြား လက်ဆောင်ပစ္စည်းတွေ ကံထူးနိုင်မဲ့အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။

ဒီဖုန်းဓာတ်ပုံပြိုင်ပွဲကို ခေါင်းစဉ် ၃ ခုနဲ့ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး နေရာဒေသ၊ အစားအစာ၊ လူမျိုးနှင့် ယဉ်ကျေးမှုတို့ဖြစ်ပါတယ်။ Beyond the Portrait Season 2 အစီအစဉ်တစ်ခုချင်းစီနဲ့ ပတ်သက်တဲ့ Campaign ဗီဒီယိုတွေကိုလည်း အထင်ကရနေရာတွေမှာ သွားရောက်ရိုက်ကူးထားပါတယ်။

#BeyondthePortrait Campaign က အခုလ မတ်လ ၁၅ ရက်မှာ ပြိုင်ပွဲပြီးဆုံးမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ဓာတ်ပုံတွေကို ဒိုင်အဖြစ် Professional Photographer ဇာနည်မျိုးဝင်းမှ အဓိက ရွေးချယ်ဆုံးဖြတ်သွားမှာဖြစ်ပြီး မတ်လ ၁၇ ရက်နေ့မှာ ဆန်ကာတင်အဖြစ် ရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင် ၁၅ ဦးရဲ့ ဓာတ်ပုံကို OPPO Page တွင် ထုတ်ပြန် ပေးသွားမည်ဖြစ်ပါတယ်။ အဲဒီဆန်ကာတင်ဓာတ်ပုံတွေရဲ့ Reaction အနည်းအများပေါ်မူတည်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုတွေ သတ်မှတ်သွားမှာဖြစ်ပါတယ်။ Reaction တွေကို မတ်လ ၁၉ ရက် ညနေ ၅ နာရီ နောက်ဆုံးထားပြီး ကောက်ယူသတ်မှတ်သွားမည်ဖြစ်ပါတယ်။

ဆုရရှိသူတွေကို မတ်လ ၂၀ ရက်နေ့မှာ OPPOက ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲဆုလက်ဆောင်တွေအနေနဲ့ ပထမဆု – OPPO Reno3 Pro (တစ်လုံး)၊ ဒုတိယဆု – OPPO Reno3 (တစ်လုံး)၊ တတိယဆု – OPPO Enco Free (နားကြပ်တစ်စုံ) တွေအပြင် Beyond the Portrait ပြိုင်ပွဲအတွက် ဆုရရှိတဲ့ Certificate နှင့်အတူ Professional Photographer ဇာနည်မျိုးဝင်း၊ Travel Blogger “Travel Kueen” နှင့် Videographer နောင်နောင် (Naung Naung – Indie Filmmaker) တို့ရဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေ ပေးအပ်မှာ ဖြစ်ပါတယ်။ နှစ်သိမ့်ဆုအနေနဲ့ကတော့ ဆန်ကာတင်စာရင်းမှာ ကျန်ရှိသူ ၁၂ ဦးအတွက် OPPO Travel Bag တွေကို ပေးအပ်သွားမည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top