ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ကစားသမားစာရင်းမှာ အနားယူသွားတဲ့ ဝါရင့်ဂိုးသမား ပီတာချက် ပါဝင်လာ

21-10-2020-yyl-021.jpg

ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲ ကစားမယ့် ကစားသမား (၂၅) ယောက်စာရင်း ထုတ်ပြန်ကြေညာရာမှာ ဘောလုံးလောကကနေ အနားယူသွားခဲ့တဲ့ ဝါရင့်ဂိုးသမား ပီတာချက် ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ ပီတာချက်ဟာ ချဲလ်ဆီးမှာ ၁၁ နှစ်ကြာ ကစားခဲ့တဲ့ကာလအတွင်း ပွဲပေါင်း (၃၀၀) ကျော် ကစားပြီး ပရီးမီးယားလိဂ်ဖလား (၄)လုံး ဆွတ်ခူးခဲ့သူပါ။

သူဟာ ၂၀၁၅ ခုနှစ်မှာ ချဲလ်ဆီးအသင်းရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့ပြီး အာဆင်နယ်မှာ ၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ဘောလုံးလောကကနေ အနားယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ချက်ဂိုးသမားဟောင်း ပီတာချက်က ချဲလ်ဆီးအသင်းမှာ နည်းစနစ်အကြံပေးအဖြစ် ဆောင်ရွက်နေတာပါ။ ချဲလ်ဆီးအသင်း ကစားသမားစာရင်းမှာ ပီတာချက် ပါဝင်လာတာနဲ့ပတ်သက်ပြီး ပရိသတ်တွေ အံ့အားသင့်နေချိန်မှာ ချဲလ်ဆီးအသင်းက ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။ ပီတာချက်ကို ကစားသမားစာရင်းမှာ ထည့်သွင်းခဲ့တာဟာ မှားယွင်းထည့်သွင်းမှု မဟုတ်ဘူး၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထင်မှတ်မထားတဲ့ အခြေအနေတွေ ဖြစ်လာရင် အရေးပေါ်အစားထိုးလို့ရအောင် ပီတာချက်ကို ထည့်သွင်းထားတာလို့ ချဲလ်ဆီးအသင်းက ထုတ်ပြန်ခဲ့တာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top