ဘောလုံးကြယ်ပွင့်တွေက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို အပြေးဖိနပ်တွေ လက်ဆောင်ပေး

hotsport02.jpg

ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ မန်စီးတီးကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရိုင်းနဲ့ မန်ယူနောက်ခံလူ ဘိုင်လီတို့ဟာ မန်ချက်စတာမြို့က ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို ခရစ္စမတ် အကြို လက်ဆောင်အဖြစ် အပြေးဖိနပ်တွေ ပေးအပ်ခဲ့ပါတယ်။ သူတို့(၂)ယောက်ဟာ Roc Nation Sports International အဖွဲ့ရဲ့ Kicks for Kids စီမံကိန်းမှာ ပါဝင်လှုပ်ရှား ခဲ့ကြပြီး အနောက်မြောက်ဒေသမှာရှိတဲ့ ကလေးငယ်တွေကို ခရစ္စမတ်အကြို လက်ဆောင်ပေးခဲ့ကြတာပါ။

ကီဗင်ဒီဘရိုင်းတို့ ဇနီးမောင်နှံက ဝီသန်ရှာဝီဆေးရုံကို သွားပြီး ကလေးငယ်တွေနဲ့ တွေ့ဆုံရင်း လက်ဆောင်တွေ ပေးခဲ့တာပါ။ ဘိုင်လီကတော့ Children’s Society အဖွဲ့အစည်းထံမှာ အပြေးဖိနပ်တွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ မန်ယူတိုက်စစ်မှူးဟောင်း လူကာကူကလည်း လာမယ့်ဇန်နဝါရီလမှာ ကစားမယ့် အင်တာမီလန်အသင်း ပွဲစဉ်ကို လာရောက်ကြည့်ရှုဖို့ ကလေးငယ် ၃၀ ကို ဖိတ်ခေါ်ထားပြီး အဲဒီပွဲမှာ ဖိနပ်တွေ လက်ဆောင်ပေးဖို့ စီစဉ်နေပါတယ်။

ဟစ်ဟော့အဆိုတော် Jay Z တည်ထောင်ထားတဲ့ Roc Nation Sports International အဖွဲ့ဟာ ဂျာမနီနိုင်ငံ အခြေစိုက် ဖိနပ်လက်လီရောင်းချတဲ့ Snipes ကုမ္ပဏီနဲ့ပူးပေါင်းပြီး ပရဟိတ လုပ်ခဲ့ကြတာပါ။ အဲဒီအစီအစဉ်မှာ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဂျရုန်းဘိုတန်၊ မန်ယူကစားသမား လော်ရင့်ဂျိမ်းစ်၊ ဗီလာရီးရဲလ်နောက်ခံလူ ချက်ဝူဇီတို့လည်း ပါဝင်ခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top