ရောဂါအခံရှိလို့ ကိုဗစ်ကာကွယ်ဆေးထိုးရမှာ စိုးရိမ်နေလား

The-Benefits-of-Offering-Critical-Illness-Insurance-e1559681604921.jpg

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ရောဂါအခံရှိသူတွေလည်း ကာကွယ်ဆေးထိုးနှံနိုင်တယ်လို့ ထောက်ခံထားပါတယ်။

  • သွေးတိုး
  • နှလုံး
  • အဆုတ်
  • ဆီးချို
  • အဝလွန်ခြင်း
  • ကင်ဆာ
  • ရင်ကြပ်ရောဂါအခံရှိသူတွေက Covid-19 ရောဂါ ကူးစက်ခံရရင် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နိုင်တဲ့အတွက် ကာကွယ်ဆေးထိုးဖို့ ပိုအရေးကြီးပါတယ်။
  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ Covid-19 ရောဂါကာကွယ်ဆေးတွေက – ဘေးကင်းပြီး အကျိုးရှိတယ်ဆိုတာကို စမ်းသပ်အတည်ပြုထားတာ ဖြစ်ပါတယ်။
    တခြားကာကွယ်ဆေးတွေနဲ့ ဓာတ်မထည့်တာမျိုးဖြစ်ဖူးတယ်ဆိုရင်တော့ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။
  • Covid-19 ရောဂါ ဖြစ်ဖူးတယ် လူနာဆိုရင်တောင် ကာကွယ်ဆေးက ကိုယ်ခံအား မြှင့်တင်ပေးပြီး ထပ်ဆောင်း ကာကွယ်မှု ပေးနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။
  • ကာကွယ်ဆေးထိုးခွင့်ရလာရင် လက်လွှတ်မခံပါနဲ့။
  • အက်စထရာ ဇီနီကာ/ အောက်စ်ဖို့(AstraZeneca/ Oxford vaccine)
  • ဂျွန်ဆင်နဲ့ ဂျွင်ဆင်(Johnson and Johnson)
  • မိုဒါးနား(Moderna)
  • ဖိုင်ဇာ/ဘိုင်အိုတက်ခ်(Pfixer/BionTech)
  • ဆိုင်နိုဖန်း(Sinopharm(Beijing Bio-Institute of Biological Products Co Ltd)
  • ဆိုင်နိုဗက်(Sinovac) စတဲ့ ကာကွယ်ဆေးတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားပြီး ကာကွယ်ဆေးတွေနဲ့ ရောဂါဖြစ်ပွားတာ၊ ဆေးရုံတက်ရောက်ကုသတာနဲ့ သေဆုံးတာတွေကို လျော့နည်းစေပါတယ်။

Source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Access to Health
Photo- Internet
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top