မျက်ကွင်းညိုခြင်းကိုပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

da1.png

မိန်းကလေးအများစုတွေ့ကြုံနေရတဲ့ အလှအပပြဿနာတွေထဲကတစ်ခုကတော့ မျက်ကွင်းညိုတာပါပဲ။ ကျွန်မတို့မျက်လုံးတစ်ဝိုက်မှာ ညိုမဲနေတာမျိုးကို ပျောက်အောင်ကုသချင်တယ်ဆိုရင် သဘာဝနည်းလမ်းလေးတွေနဲ့ ကုသပေးလို့ရပါတယ်နော်….။

အာလူးအရည်

အာလူးအနည်းငယ်ကို ခြစ်ပြီး အာလူးအရည်ရအောင် ယူလိုက်ပါ။ အာလူးအရည်ကို ဝါဂွမ်းစလေးနဲ့တို့ပြီး မျက်လုံးတစ်ဝိုက်ကို လိမ်းပါ။ လိမ်းတဲ့အခါ မျက်လုံးကိုမှိတ်ထားပြီး မျက်ရစ်အပါအဝင် မျက်လုံးအောက်က မျက်ကွင်းညိုတဲ့နေရာတွေကို သေချာလိမ်းပေးရမှာပါ။ (၁၀) မိနစ်လောက်ထားပြီးရင်တော့ ရေအေးနဲ့သန့်စင်ပေးပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက မျက်ကွင်းညိုခြင်းကို ဖယ်ရှားနိုင်တဲ့ အကောင်းဆုံးဆေးတစ်ခုဖြစ်ပါတယ်။ ခရမ်းချဉ်သီးက မျက်ကွင်းညိုခြင်းကိုနည်းသွားအောင်ကူညီပေးသလို အသားအရေနူးညံ့သွားအောင်လည်းလုပ်ဆောင်ပေးပါတယ်။ လုပ်ပေးရမှာက ခရမ်းချဉ်သီးအရည် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း) ကို သံပုရာရည် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း)နဲ့ ရောစပ်ပေးရမှာပါ။ အဲဒီရောစပ်မှုကို မျက်လုံးအောက်မှာ လိမ်းလိုက်ပြီး (၁၀) ခန့်ထားလိုက်ပါ။ အဲဒီနောက် ရေနဲ့ သန့်စင်ပစ်ပါ။ ဒီနည်းကို အနည်းဆုံး တစ်နေ့ နှစ်ကြိမ်ပြုလုပ်ပေးသင့်ပါတယ်။ မျက်ကွင်းညိုခြင်းကို ဖယ်ရှားပစ်ဖို့အတွက် သံပုရာရည်အနည်းငယ်၊ ပူစီနံရွက်အနည်းငယ်တို့နဲ့ ရောစပ်ထားတဲ့ ခရမ်းချဉ်သီးအရည်ကိုလည်း နေ့စဉ် သောက်သုံးပေးလို့ရပါတယ်။

လက်ဖက်ခြောက်အိတ်

မျက်ကွင်းညိုခြင်းကို ဖယ်ရှားပေးဖို့ နောက်ထပ်လွယ်ကူတဲ့နည်းကတော့ လက်ဖက်ခြောက်အိတ်ကို အသုံးပြုတာဖြစ်ပါတယ်။ လက်ဖက်ခြောက်အိတ်ကို ရေထဲ နှစ်လိုက်ပြီး အေးခဲသွားအောင် ရေခဲသေတ္တာထဲမှာ ခဏလောက်ထားပါ။ ပြီးရင် မျက်လုံးပေါ်တင်ထားပေးပါ။ ဒီနည်းကို နေ့တိုင်းလုပ်ကြည့်ပါ။

လိမ္မော်ရည်

နောက်ထပ်ထိရောက်တဲ့အိမ်တွင်းနည်းတစ်ခုကတော့ လိမ္မော်ရည်ကိုသုံးတဲ့နည်းပဲဖြစ်ပါတယ်။ လိမ္မော်ရည်ကို အလှဆီအနည်းငယ်နဲ့ ရောစပ်လိုက်ပြီး အဲဒီရောစပ်မှုကို မျက်ကွင်းညိုတဲ့နေရာတွေမှာ လိမ်းထားလိုက်ပါ။ ဒီနည်းက မျက်ကွင်းညိုခြင်းကိုဖယ်ရှားပစ်နိုင်သလို မျက်လုံးတွေကိုလည်း သဘာဝအလျောက် တောက်ပလာစေပါတယ်။

သခွားသီး

အလှအပထိန်းသိမ်းဖို့အတွက် သခွားသီးအချပ်လေးတွေကို မျက်လုံးပေါ် တင်ထားတာ မြင်ဖူးကြမှာပါ။ သခွားသီးအချပ်လေးတွေကို မိနစ် (၃၀) လောက် ရေခဲသေတ္တာထဲကို ထည့်ထားလိုက်ပါ။ အဲဒီနောက် ရေခဲသေတ္တာထဲက ထုတ်လိုက်ပြီး မျက်ကွင်းညိုတဲ့နေရာမှာ ကပ်ထားလိုက်ပါ။ ရေအေးနဲ့ မျက်နှာမသစ်ခင်ထိ (၁၀) မိနစ်လောက် တင်ထားရမှာဖြစ်ပါတယ်။

မျက်ကွင်းညိုတာပျောက်ကင်းစေဖို့ အခုပြောပြတဲ့ အိမ်တွင်းနည်းလမ်းလေးတွေကို လုပ်ကြည့်လိုက်ပါဦးနော်

Ref: Natural remedies to get rid of dark circles
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top