မြန်မာမိန်းကလေးပရိသတ်တွေကြား ရေပန်းစားနေတဲ့ ကိုရီးယားမင်းသားချောဆောင်ဂန်အကြောင်း တစေ့တစောင်း

yyl-027-6.jpg

လက်ရှိမြန်မာပရိသတ်တွေကို အလွှမ်းမိုးထားနိုင်ဆုံးဇာတ်ကားတွေထဲမှာ ကိုရီးယားကားတွေလည်း အပါအဝင်ပါပဲ။ ကိုရီးယားဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ကြည့်ရတာများလာတော့ မိန်းကလေး ပရိသတ်တွေ ကြိုက်နှစ်သက်ရတဲ့မင်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက်များများလာပါတယ်။

အခုလည်းပဲ မကြာသေးခင်ကမှ ထုတ်လွှင့်ပြသခဲ့တဲ့”Love Alarm” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောဆောင်ဂန် (Song Kang) က မြန်မာပရိသတ် တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေကို ဆောင်ဂန်အကြောင်း အနည်းငယ်ပြောပြပါရစေ…။

မင်းသားဆောင်ဂန်က (၁၉၉၄) ခုနှစ်ဖွားမင်းသားဖြစ်ပြီး တတ်သစ်စမင်းသားတစ်လက်လို့လည်း ပြောလို့ရပါတယ်။ သူ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာက လွန်ခဲ့တဲ့ (၂) နှစ်ကမှပါ။ သူရဲ့ပွဲဝင်ထွက်ဇာတ်လမ်းတွဲက “The Liar and His Lover” ပါ။ ဒါပေမဲ့ သူဟာ ဒီဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့ရတာတော့မဟုတ်ပါဘူး။ အဲဒီနောက် အခြားဇာတ်လမ်းတွဲ တွေမှာလည်း ဇာတ်ရံအနေနဲ့ ဆက်လက်ပါဝင်လာခဲ့ပါတယ်။ သူက ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်တာအပြင် တီဗီရှိုးတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလကတည်းက သူ အစီအစဉ်တင်ဆက်သူအနေနဲ့ ဆောင်ရွက်နေတာက SBS ရုပ်သံလိုင်းရဲ့ “Inkigayo” ဆိုတဲ့နာမည်ကြီးဂီတရှိုးတစ်ခုမှာပါ။

အခုနှစ်ရဲ့ “Love Alarm” ဇာတ်လမ်းတွဲမှာတော့ ဆောင်ဂန်က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။ သူုဟာ အဲဒီဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်ဖြစ်ဖို့အတွက် ဝင်ရောက် လျှောက်ထားသူ (၉၀၀) ကျော်ကို ကျော်ဖြတ်အနိုင်ယူခဲ့တာပါ။ “Love Alarm” မှာ ဆန်းဟို ဆိုတဲ့ဇာတ်ရုပ်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီးတဲ့နောက်မှာ အောင်မြင်မှုတွေရရှိနေပါတယ်။

ARMY (BTS Fandom) လေးတွေအတွက် ဝမ်းသာစရာကတော့ ဆောင်ဂန်က BTS အဖွဲ့ရဲ့ပရိသတ်တစ်ဦးဖြစ်တဲ့အတွက် သူလည်းပဲ ARMY ပါတဲ့နော်။ Inkigayo အစီအစဉ်မှာ အစီအစဉ် တင်ဆက်သူအနေနဲ့ ဆောင်ရွက်နေတုန်းက BTS အဖွဲ့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေကို ကြည့်ခဲ့ရပြီး ARMY ဖြစ်သွားခဲ့တာပါတဲ့။ မကြာသေးခင်ကမှ သူဟာ “When the Devil Calls Your Name ” ဆိုတဲ့ဇာတ်လမ်းတွဲမှာ ဇာတ်ရံအနေနဲ့ ပါဝင်ထားပါတယ်။

ကဲ…ဆောင်ဂန်ကို မသိတဲ့စာဖတ်ပရိသတ်တွေလည်း သူ့အကြောင်းကို အခုသိသွားလောက်ပြီထင်ပါတယ်။ သူ့ဇာတ်လမ်းတွဲ “Love Alarm” မကြည့်ရသေးရင်လည်း ကြည့်လိုက်ကြပါဦးလို့။ အဲဒီဇာတ်လမ်းတွဲကြည့်ပြီး သူ့ကို ကြွေသွားရင်တော့ မတတ်နိုင်ပါဘူးနော်..။

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top