သတင်းအမှားတွေကို အရေးယူသွားတော့မယ့် ဂျာမနီ

ct-fake-news-law-germany-20170405-001.jpg

ဒီနေ့ သတင်းနဲ့ နည်းပညာခေတ်ကြီးရဲ့ ကောင်းကျိုးကတော့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ သိရှိနိုင်လာတာပါ။


ဒါပေမဲ့ အဲဒီမှာ ဆိုးကျိုးအနေနဲ့ သတင်းအမှားတွေ၊ မဟုတ်မမှန် လုပ်ကြံထားတဲ့ သတင်းတွေနဲ့ ကြုံတွေ့ရနိုင်တာပါ။ တချို့ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ၊ အမုန်းစကားတွေကို သတင်းမှားတွေနဲ့ လူအများကြား ပျံ့နှံ့အောင် ကြိုးစားတာတွေ ရှိကြပါတယ်။

ဂျာမနီနိုင်ငံကတော့ ဒီလို သတင်းအမှားတွေ ထုတ်ပြန်မှုအပေါ်  အရေးယူဖို့ ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ဒီ ဥပဒေမူကြမ်းအရတော့ Facebook နဲ့ Twitter တို့လို နေရာတွေ အထိပါ သက်ရောက်စေမှာ ဖြစ်ပြီး အမုန်းစကားတွေ၊ အခြား ရာဇဝတ်မှုမြောက်တဲ့ သတင်းအမှားတွေကို တင်နေသူတွေကို ယူရိုငွေ သန်းငါးဆယ် (အမေရိကန် ဒေါ်လာ ၅၃ သန်း) အထိ ဒဏ်ငွေ ချမှတ်သွားမှာ ဖြစ်ပါတယ်။ ဒီ ဥပဒေကြမ်းကို အတည်မပြုရသေးပေမယ့် အတည်ဖြစ်လာနိုင်ချေများတယ်လို့ သုံးသပ်နေကြပါတယ်။

ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲ ကာလက မဟုတ်မမှန်သတင်းတွေ ပျံ့နှံ့ခဲ့မှုတွေ၊ အခြားအလားတူ ဖြစ်ရပ်တွေကြောင့် အခုလို ဥပဒေနဲ့ တားဆီးဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ ဒီ ဥပဒေကြမ်းအပေါ် မနှစ်သက်သူတွေကတော့ ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးစေတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ဝေဖန်သုံးသပ်နေကြပါတယ်။

Ref: The Washington Post ; “ How do you stop fake news? In Germany, with a law.”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top