Red Notice နောက်ဆက်တွဲ (၂) ကား ရိုက်ကူးဖို့ Netflix စီစဉ်နေ

red-notice1.jpg

Netflix ကတော့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်တဲ့ ဒွိန်းဂျွန်ဆန် (Dwayne The Rock Johnson)၊ ဂယ်ဂဒေါ့ (Gal Gadot)၊ ရိုင်ယန် ရေးနိုးလ် (Ryan Reynolds) တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Red Notice ဇာတ်ကားကို နောက်ဆက်တွဲ (၂) ကား ရိုက်ကူးထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ တောက်လျှောက်ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဒီရုပ်ရှင်ကားနှစ်ကားမှာ ဒွိန်း၊ ဂယ်ဂဒေါ့၊ ရေးနိုးလ်တွေ ပြန်ပါဝင်လာမှာဖြစ်ပါတယ်။ 

ဒါရိုက်တာအဖြစ် ရောဆန် မာရှယ် သာဘာ (Rawson Marshall Thurber) ရိုက်ကူးဖို့ မျှော်လင့်ရပါတယ်။ ပါဝင်မယ့်သရုပ်ဆောင်တွေ အလုပ်အချိန်ဇယားများတာကြောင့် ၂၀၂၃ခုနှစ် အစောပိုင်းမှာ ရိုက်ကူးရေးစတင်မယ်ဆိုတဲ့ သတင်းတွေတော့ ထွက်ပေါ်နေပါတယ်။ Red Notice 1 ရဲ့ထုတ်လုပ်သူတွေအားလုံးပဲ နောက်ထပ်ဇာတ်ကား (၂) ကားမှာ ပြန်ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။ 

အရင်နှစ်က Netflix မှာ Red Notice ကို ထုတ်လွှင့်ခဲ့ချိန်က ဇာတ်ကားရဲ့အံမခန်းအောင်မြင်မှုကို မြင်တွေ့ခဲ့ရပြီးပါပြီ။ Netflix မှာ ထုတ်လွှင့်ပြီး ၂၈ ရက်အတွင်း လူကြည့်အများဆုံးရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ၉၃ နိုင်ငံ က Streaming Service မှာ ထိပ်ဆုံးဇာတ်ကားဖြစ်ခဲ့ပြီး နာရီပေါင်း ၂၇၇.၉ သန်း ကြည့်ခဲ့တဲ့အတွက် The Rock ကလည်း အင်စတာဂရမ်မှာ ပို့စ်တင်ကာ ဂုဏ်ပြုခဲ့ပါသေးတယ်။ Red Notice ရုပ်ရှင်ကားရဲ့ ထုတ်လုပ်သူတွေထဲမှာ The Rock ရဲ့ထုတ်လုပ်ရေးကုမ္ပဏီ  Seven Bucks Productions လည်း ပါဝင်ပါတယ်။ 

Ref: AsiaOne “Netflix plans to make two sequels to Red Notice”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top