မေတ္တာတုံ့ပြန်ဖို့ ရန်ပုံငွေအရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၀၀ အရွယ် အဘိုးအို

29-6-2022-yyl02.jpg

အသက် ၁၀၀ အရွယ်ရှိတဲ့ အဘိုးအို ဒေးဗစ်ဖလက်ကာဟာ အသွား၊ အပြန်လုပ်ဖို့ တစ်နေ့ကို ၄ နာရီကြာမြင့်ပေမဲ့ ရန်ပုံငွေအရောင်းဆိုင်မှာ ပရဟိတဝန်ထမ်း လုပ်နေဆဲပါပဲ။

စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ်မြို့မှာ နေထိုင်တဲ့ ဒေးဗစ်ဖလက်ကာဟာ ဆီးကျိတ်ကင်ဆာရောဂါကြောင့် စိန့်ကိုလံဘာ ဘိုးဘွားဆေးရုံမှာ သီတင်းပတ် ၂ ပတ်ကြာ ကုသမှုခံယူခဲ့ရစဉ်အတွင်း ဆေးရုံက သူ့အပေါ်ထားတဲ့ စေတနာ၊ မေတ္တာကို ပြန်လည်ပေးဆပ်ဖို့အတွက် ဘိုးဘွားဆေးရုံရဲ့ ရန်ပုံငွေအရောင်းဆိုင်မှာ ပရဟိတဝန်ထမ်း လုပ်နေတာဖြစ်ပါတယ်။

” ဆိုင်ကို ရောက်ဖို့ ဘတ်စ်ကား ၂ ဆင့် စီးရတယ်။ မိနစ် ၂၀ ထပ်ပြီး လမ်းလျှောက်ရပါတယ်။ ၂ နာရီလောက်ကြာတာပေါ့။ ကျွန်တော်က ဆိုင်မှာ တစ်ပတ်ကို ၃ ရက် အလုပ်လုပ်ပေးပါတယ်။ ကြာသပတေး၊ သောကြာ၊ စနေ နေ့တွေပေါ့။ အဲဒီနေ့တွေက အလုပ်အများဆုံးပဲလေ”လို့ ဒေးဗစ်ဖလက်ကာက ပြောပါတယ်။

ဒေးဗစ်ဖလက်ကာဟာ ရန်ပုံငွေ အရောင်းဆိုင်အတွက် လှူဒါန်းကြတဲ့ အရုပ်တွေ၊ စာအုပ်တွေ၊ ဉာဏ်စမ်းအရုပ်ဆက်စရာတွေကို စစ်ဆေးပေးရတာပါ။ သူ့အတွက် ဆိုင်မှာ အပျော်ဆုံးအလုပ်ကတော့ ဆိုင်ကို လာသူတွေနဲ့ စကားစမည်ပြောရတာပဲလို့ ဒေးဗစ်ဖလက်ကာက ဆိုပါတယ်။

ဒေးဗစ်ဟာ အားလပ်ချိန်တွေမှာ ဘိုးဘွားဆေးရုံအတွက် ရန်ပုံငွေ တိုးမြင့်ရရှိစေဖို့ လေလံတင်မယ့် ရထားလမ်းပုံစံငယ်တစ်ခုကို တည်ဆောက်နေလေ့ ရှိပါတယ်။ ဇွန်လ ၂၂ ရက်က ကျရောက်ခဲ့တဲ့ အသက် ၁၀၀ ပြည့် မွေးနေ့မှာတော့ သူက ဖော့မြစ်ဝကို သွားလည်ခဲ့ပြီး ဘုရင်မကြီးဆီက မွေးနေ့ကတ်လည်း ရရှိခဲ့ပါတယ်။

Ref: Dedicated Volunteer Works in Charity Shop Despite 4-Hour Commute – And He’s 100 Years Old

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top