ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ဘရာဇီးအသင်းသမိုင်းမှာ ဒုတိယဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာတဲ့ နေမာ

13-10-2020-yyl-014-1.jpg

ပီရူးကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး နေမာကတော့ ဘရာဇီးဂန္ထဝင် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ဘရာဇီးအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားစာရင်းမှာ အဆင့်(၂) နေရာ ရောက်ရှိလာခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်က ဘရာဇီးအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ ဘရာဇီးအသင်းအတွက် (၆၄)ဂိုး သွင်းယူနိုင်ခဲ့ပြီး ရော်နယ်ဒိုထက် (၂)ဂိုး ပိုများခဲ့ပါတယ်။ နေမာဟာ ရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်ပြီးနောက်မှာတော့ နံပါတ်(၉)ပုံစံ လက်ဟန်အမူအရာလုပ်ပြီး ရော်နယ်ဒိုကို ဂုဏ်ပြုခဲ့ပါတယ်။ ဘရာဇီးအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သူကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း ပီလီဖြစ်ပြီး (၇၇) ဂိုး သွင်းယူထားတာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top