အဆုတ်ရောင်ရောဂါကနေ ပြန်သက်သာလာလို့ နာပိုလီနဲ့ပွဲမှာ ဂျူဗီကို ဆာရီ ကြီးကြပ်ဖွယ်ရှိနေ

hotsport06.jpg

အသင်းဟောင်း နာပိုလီနဲ့ ကစားရမယ့်ပွဲစဉ်မှာ နည်းပြဆာရီက ဂျူဗင်တပ်အသင်းကို ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်ဖို့ ရှိနေပါတယ်။ အဆုတ်ရောင်ရောဂါ ခံစားနေရတဲ့ ဆာရီဟာ ဂျူဗင်တပ်အသင်းရဲ့ ရာသီအစ စီးရီးအေပွဲစဉ်(၂)ပွဲအထိ လွဲချော်ရမယ်လို့ သတင်းထွက်ခဲ့သူပါ။ ဒါပေမဲ့ ဆာရီရဲ့ရောဂါ မြန်မြန်သက်သာလာလို့ လာမယ့်စနေနေ့ကျရင် ဂျူဗင်တပ်အသင်းကို ကွင်းဘေးစည်းကနေ ကြီးကြပ်နိုင်ဖွယ်ရှိနေပါတယ်။

ဆာရီဟာ ပါးမားကို ဝ-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေရာသီအဖွင့်ပွဲစဉ်မှာတော့ ဂျူဗင်တပ်အသင်းကို တာဝန်ယူကြီးကြပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ အသက် ၆၀ ရှိတဲ့ ဆာရီကို ဆရာဝန်တွေက အနားယူဖို့ ညွှန်ကြားထားပေမဲ့ သူကတော့ ကစားသမားတွေနဲ့ စကားပြောဖို့အတွက် လေ့ကျင့်ရေးကွင်းကို ပုံမှန်လာရောက်လေ့ရှိပါတယ်။ ဂျူဗင်တပ်ဟာ လာမယ့်စနေနေ့ကျရင် အလိုင်းယင့်ဇ်ကွင်းမှာ နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ နာပိုလီနဲ့ပွဲမှာ ဆာရီ ကြီးကြပ်နိုင်မလားဆိုတာကို လာမယ့်သောကြာနေ့ကျရင် ဆုံးဖြတ်မှာပါ။ ဆာရီဟာ ချဲလ်ဆီးကို မပြောင်းရွှေ့ခင်တုန်းက နာပိုလီအသင်းကို တာဝန်ယူခဲ့ပြီး စကူဒတ်တိုချန်ပီယံဆုအတွက် ဂျူဗင်တပ်ကို ဖိအားပေးနိုင်ခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top