ကိုဗစ်-၁၉ ရောဂါပိုး တွေ့ပေမဲ့ အသင်းဖော်တွေ လေ့ကျင့်ခန်းဆင်းတာကို ထိုင်ကြည့်ခဲ့တဲ့ ရော်နယ်ဒို

13-10-2020-yyl-013-1.jpg

ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့လို့ သီးသန့်ခွဲခြားနေထိုင်နေရတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကတော့ အသင်းဖော်တွေ လေ့ကျင့်ခန်းဆင်းနေတာကို ဝရန်တာကနေ ကြည့်ရှုခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိတဲ့ ရော်နယ်ဒိုဟာ ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ညနေက ပေါ်တူဂီအသင်း စခန်းချတဲ့ လစ္စဘွန်းမြို့စွန်မှာ သူ့အခန်း ဝရန်တာကနေ အသင်းဖော်တွေ လေ့ကျင့်ခန်းဆင်းတာကို ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုက ကျန်းမာရေး ကောင်းမွန်နေပြီး ကင်မရာကို လက်မထောင်ပြခဲ့တာ တွေ့ရပါတယ်။ ရော်နယ်ဒိုဟာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ဆွီဒင်နဲ့ ကစားရမယ့် Nations League ပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက်မှာ ဘာစီလိုနာနဲ့ ကစားရမယ့် ဂျူဗင်တပ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပါဝင်ဖို့ မသေချာသေးပါဘူး။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပြင်သစ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပေါ်တူဂီအတွက် ပါဝင်ကစားပေးခဲ့တဲ့ ရော်နယ်ဒိုဟာ အမ်ဘာပေအပါအ၀င် ပြင်သစ်အသင်းရဲ့ နာမည်ကျော် ကစားသမားတွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တာ တွေ့ရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top