ဆေးခြောက် ရှေရှည်သုံးစွဲတဲ့လူငယ်တွေဟာ ဦးနှောက်ပျက်စီးနိုင်ချေ ပိုမြင့်မား

stress-trauma-the-brain-cannabis-1280x800.jpg

လူငယ်တွေအနေနဲ့ ဆေးခြောက်ကို အချိန်ကာလကြာမြင့်စွာ သုံးစွဲမယ်ဆိုရင် ဦးနှောက်ပျက်စီးနိုင်တယ်လို့ လေ့လာချက်အသစ်တွေအရ ပညာရှင်တွေက သတိပေး ပြောကြားလိုက်ပါတယ်။

လူငယ်ပေါင်း ၄၀၀၀ လောက်ကို ၄ နှစ်ကြာ လေ့လာခဲ့အပြီးမှာ ဆေးခြောက်သုံးစွဲတာက မှတ်ဥာဏ်နဲ့ ဘဝရပ်တည်မှုတွေမှာ ထိခိုက်စေတဲ့ အဓိက အကြောင်းအရင်းတစ်ချက်အနေနဲ့ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဆေးခြောက်ကို ရေရှည်သုံးစွဲလာတဲ့အခါ သင်ကြားသင်ယူမှုအပိုင်းမှာ ပေါ့လျော့တာတွေ၊ အာရုံစိုက်မှု မရှိတာတွေနဲ့ ဆုံးဖြတ်ချက် မပြတ်သားတာတွေ ဖြစ်လာပြီး လူငယ်ဘဝကို နိမ့်ကျလာစေတယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။

ဒါပေမဲ့ ကနေဒါနိုင်ငံက မွန်ထရယ်လ် တက္ကသိုလ် (University of Montreal) က အသင်းတစ်ခုကတော့ လူငယ်တွေအနေနဲ့ သိမြင်ခြင်းနဲ့ဆိုင်တဲ့ တိုးတက်မှုတွေ ရှိစေဖို့ အသုံးပြုကြတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဆေးခြောက်ကို လုံးဝမသုံးစွဲတဲ့ လူငယ်ပမာဏဟာ ၉၅.၄ ရာခိုင်နှုန်းကနေ ၇၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာကိုတေါ့ရပြီး ဆေးခြောက်နေ့စဉ်လိုလိုသုံးစွဲတဲ့ လူငယ်အရေအတွက်ဟာလည်း ပထမနှစ်မှာ ၀.၃၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး ၄ နှစ်အတွင်းမှာ ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းကြား များပြားလာနေတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

Ref: Daily Mail “Cannabis inflicts long-term demage on teenage brains”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top