ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတဲ့ မာ့ခ်ဇူကာဘတ်

105175302-GettyImages-953382792.1910x1000.jpg

ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မာ့ခ်ဇူကာဘတ် (Mark Zuckerberg) ဟာ ဝါရန် ဘူဖက် (Warren Buffett) ကို ကျော်ပြီး ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါပြီ။ ဇူကာဘတ်ဟာ ကန်ဒေါ်လာ ၈၁.၆ ဘီလျံ အထိ ရှိလာကာ ကန်ဒေါ်လာ ၈၁.၂ ဘီလျံ ချမ်းသာတဲ့ ဘူဖက်ကို ကျော်တက်ပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ တတိယနေရာကို ရောက်လာတာလို့ Bloomberg Billionaires ရဲ့ အညွှန်းကိန်းတွေအရ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ထိပ်ဆုံးသုံးနေရာ အစဉ်လိုက် နည်းပညာပိုင်းဆိုင်ရာနယ်ပယ်က သုံးဦးစလုံး ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇူကာဘတ်ရဲ့ အထက်မှာတော့ အမေဇုံရဲ့ အမှုဆောင်အရာရှိချုပ် ဂျက် ဘီဇို့စ် (Jeff Bezos) နဲ့ Microsoft တည်ထောင်သူ ဘေလ်ဂိတ် (Bill Gates) တို့က ကန်ဒေါ်လာ ၁၄၂ ဘီလျံ နဲ့ ၉၄.၂ ဘီလျံစီနဲ့ အသီးသီးရပ်တည်နေတာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ရဲ့ ရှယ်ယာတွေဟာ မတ်လလောက်က အသုံးပြုသူတွေရဲ့ အချက်အလက်ကို ရယူတယ်ဆိုတဲ့သတင်း ထွက်ပေါ်အပြီး ကျဆင်းခဲ့သေးပေမဲ့ လက်ရှိကာလမှာတော့ စံချိန်တင် ပြန်လည်ထိုးတက်လာခဲ့တာပါ။

ဇူကာဘတ်က ဖေ့စ်ဘွတ်ခ်ရဲ့ ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို ပရဟိတလုပ်ငန်းတွေအတွက် လှုဒါန်းမယ်လို့ ကတိပြုထားတာလည်း ဖြစ်ပါတယ်။

Ref: The Hill “Zuckerberg jump ahead of Buffett to become third-richest person alive”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top