ဆေးခြောက်နဲ့ ပြုလုပ်ထားတဲ့ ဆန်းဆန်းပြားပြား ဘီယာ

img_5315.jpg

လာမယ့် နှစ်အနည်းငယ်အတွင်းမှာတော့ စွမ်းအားပြည့် လန်းဆန်းစေမယ်လို့ဆိုထားတဲ့ ဆေးခြောက်ဘီယာကို ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံက ဆေးခြောက်ထုတ်လုပ်တဲ့ ဟိုက်ဒရိုပိုသီကယ်ရီ (Hydropothecary) နဲ့ မော်ဆွန်ကောလ် ကနေဒါ (Molson Coors Canada) ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆေးခြောက်နဲ့ နှပ်ထားတဲ့ ဘီယာကို အပန်းဖြေသောက်သုံးနိုင်ဖို့ တရားဝင် စတင်မိတ်ဆက်လိုက်သလို စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်ခင် သူတို့ရဲ့ ကုန်ပစ္စည်းအသစ်ဖြစ်တဲ့ ဆေးခြောက်ဘီယာကို အပြီးသတ် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေကြတာပါ။

ဒါပေမယ့် မော်ဆွန်ကောလ် ကုမ္ပဏီဟာ ဆေးခြောက်နဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံတဲ့ ပထမဆုံး ကုမ္ပဏီ မဟုတ်ပဲ ကွန်စတယ်လေးရှင်း ဘရန်းစ် (Constellation Brands) ကုမ္ပဏီပိုင် ခရိုနာ (Crona) ဆိုတဲ့ ဘီယာဟာ ဆေးခြောက်ထုတ်လုပ်တဲ့ ကုမ္ပဏီ ကနိုပီဂရုသ် (Canopy Growth) နဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းမှာ ကန်ဒေါ်လာ ၁၉၁ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

အမေရိကန်နိုင်ငံ နာဗားဒါးပြည်နယ်မှာ ဒီလအတွင်း ဆေးခြောက်ဘီယာကို စတင်ရောင်းချခဲ့သလို ဟန်နီကန် (Heineken) ဘီယာရဲ့ လက်အောက်က ကယ်လီဖိုးနီးယား အခြေစိုက် လာဂွန်းန်တက်စ် (Lagunitas) ကုမ္ပဏီပိုင် ဆေးခြောက်နဲ့ ပြုလုပ်ထားတဲ့ စပါကလင်ကို ဈေးကွက်ထဲကို ဖြန့်ချိခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်ဘီယာတွေမှာက 6-Carbon သကြားကို အသုံးပြုကြတာ ဖြစ်ပေမဲ့ ဆေးခြောက်ဘီယာမှာတော့ 5-Carbon သကြားရော 6-Carbon သကြားကိုပါ ထည့်သွင်းပြုလုပ်ထားလို့ ဖော်ပြထားပါတယ်။

ဆေးခြောက်ရဲ့ အဖူး၊ အခက်၊ အမြစ်နဲ့ ပင်စည်တွေ အားလုံးပေါင်းကြိတ်ထားတာဖြစ်ပြီး ဒါဟာ ပုံမှန်ဆေးခြောက် ထုတ်လုပ်မှုတွေလို အဖူးကိုပဲ ယူပြီး အခြားသော အပင်ရဲ့အစိတ်အပိုင်းတွေကို စွန့်ပစ်လေ့ရှိတဲ့ နည်းလမ်းနဲ့တော့ တော်တော်လေး ကွဲပြားခြားနားနေပါတယ်။

ဆေးခြောက်ကို တချို့နိုင်ငံတွေမှာ အတိုင်းအတာတစ်ခုအထိ တရားဝင် သုံးစွဲခွင့်ပြုထားပြီး အလွန်အကျွံတော့ ဘယ်မှာမှ ခွင့်ပြုမထားပါဘူး။ အခုလို အတိုင်းအတာ တစ်ခုအထိ ခွင့်ပြုလိုက်တာဟာ တရားမဝင်ဈေးကွက် ဖောင်းပွလာတာကို ထိန်းသိမ်းပြီးသား ဖြစ်သွားစေချင်တာဖြစ်သလို ဆေးခြောက်နဲ့ ပတ်သတ်တဲ့ မှုခင်းတွေ လျော့ကျသွားစေချင်တာကြာင့် ဖြစ်ပါတယ်။

ဆေးခြောက်ဟာ အနောက်နိုင်ငံတွေမှာ ဆေးရွက်ကြီးတစ်မျိုးလောက်သာ ဆိုးကျိုးရှိတယ်လို့ လေ့လာတွေ့ရှိ လက်ခံထားတာမို့ အလွန်အကျွံ မသုံးဘူးဆိုရင်တော့ ကျန်းမာရေးကို ကြီးကြီးမားမား မထိခိုက်နိုင်ဘူးလို့ ဆိုပါတယ်။

Ref : yahoo.com “Weed Beer Is About to Become a Thing : What to Know About THC-Infused Drink”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top