သမ္မတရာထူးကနေ အနားယူရင် အန်ကူရန်ဇီဇာကို ကန်ဒေါ်လာ ၅၃၀,၀၀၀ ပေးပြီး ဇိမ်ခံစံအိမ် ဆောက်ပေးဖို့ ဘူရန်ဒီလွှတ်တော် ထောက်ခံမဲပေး

yyl-005-14.jpg

သမ္မတရာထူးကနေ အန်ကူရန်ဇီဇာ အနားယူသွားရင် အမေရိကန်ဒေါ်လာ ၅၃၀,၀၀၀ ပေးအပ်ပြီး ဇိမ်ခံစံအိမ်တစ်လုံး တည်ဆောက်ပေးဖို့ ဘူရန်ဒီလွှတ်တော်က ထောက်ခံမဲပေးခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းကို အတည်ပြုပေးဖို့ အစိုးရဝန်ကြီးအဖွဲ့ကို တင်ပြထားပါတယ်။ ဒီဥပဒေကြမ်းအရ အန်ကူရန်ဇီဇာကို ဘဝတစ်သက်တာလစာ ပေးအပ်သွားမှာဖြစ်ပါတယ်။ လာမယ့်မေလမှာ သမ္မတရာထူးကနေ အနားယူရင် အန်ကူရန်ဇီဇာကို ထိပ်တန်းခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့လည်း အဲဒီဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ အန်ကူရန်ဇီဇာက တတိယမြောက် သမ္မတသက်တမ်းအတွက် ဝင်ရောက်ရွေးကောက်ခံခဲ့လို့ ဘူရန်ဒီနိုင်ငံမှာ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကြုံခဲ့ပါတယ်။

အန်ကူရန်ဇီဇာရဲ့ ဆုံးဖြတ်ချက်ကြောင့် အတိုက်အခံပါတီကို အားပေးထောက်ခံသူတွေက ဆူပူအုံကြွဆန္ဒပြခဲ့ကြပြီး လက်တုံ့ပြန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဘူရန်ဒီအစိုးရဟာ ကွပ်မျက်မှု၊ အာဏာရှင်ဆန်ဆန် ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ကုလသမဂ္ဂကော်မရှင်က စွပ်စွဲခဲ့ပါတယ်။ ဘူရန်ဒီနိုင်ငံကတော့ အဲဒီစွပ်စွဲချက်တွေက အလိမ်အညာတွေလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ဥပဒေကြမ်း မဲခွဲဆုံးဖြတ်မှုမှာ လွှတ်တော်အမတ် ၉၈ ယောက်က ထောက်ခံခဲ့ပြီး ဆန့်ကျင်မဲ့ပေးခဲ့သူ ၂ ယောက်ပဲ ရှိခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းအရ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ သမ္မတဟောင်းတွေပဲ ခံစားခွင့်ရရှိမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top